
(နိုင်ငံတကာ) ဇွန် ၁၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ပ် အီရန်နိုင်ငံနှင့် ချုပ်ဆိုခဲ့သည့် ၁၄ ချက်ပါဝင်သော ယာယီအပစ်အခတ်ရပ်စဲရေး နား လည်မှုစာချွန်လွှာ (MoU) သည် ၎င်း၏ကိုယ်ပိုင် ရီပတ်ဘလီကန်ပါတီအတွင်းရှိ ထိပ်ပိုင်းခေါင်းဆောင်အချို့ ၏ ပြင်းပြင်း ထန်ထန် ဝေဖန်ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရသည်။
ယင်းသဘောတူညီချက်သည် အမေရိကန်အခွန်ထမ်း ပြည်သူများ၏ ငွေကြေးဒေါ်လာ ဘီလီယံပေါင်းများစွာကို ဖြုန်းတီးရာရောက်ပြီး တဟီရန်၏ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ရန်အတွက်လည်း ထိရောက်မှုမရှိကြောင်း ပါတီတွင်း အတိုက်အခံများက ထောက်ပြဝေဖန်လာကြသည်။
အဆိုပါ ဗုဒ္ဓဟူးနေ့က လက်မှတ်ရေးထိုးခဲ့သည့် MoU အရ လေဘနွန်နိုင်ငံအပါအဝင် စစ်မျက်နှာအားလုံးတွင် စစ်ဆင်ရေးများကို ချက်ချင်းနှင့် အပြီးတိုင် ရပ်စဲရန် အမေရိကန်နှင့် အီရန်တို့ ကတိပြုခဲ့ကြသည်။ အီရန်ဘက်က ပိတ် ဆို့ထားသည့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး အမေရိကန်ဘက်ကမူ အီရန်နိုင်ငံ ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေါ်လာဘီလီယံ ၃၀၀ ပံ့ပိုးပေးမည့် စီမံကိန်းတစ်ခုကို ဒေသတွင်းမိတ်ဖက်များနှင့်အတူ ဖော်ဆောင်ပေးရန် တာဝန်ယူထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ရီပတ်ဘလီကန် အထက် လွှတ် တော်အမတ် ဘေးလ် ကက်ဆီဒီ (Bill Cassidy) က ယခု MoU ကို “ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး နိုင်ငံခြားရေးမူဝါဒ အမှားအယွင်းကြီး” ဟု သတ်မှတ်ကာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
၎င်းက “သမ္မတဟောင်း ရော်နယ်ရေဂင်သာ သိရင် သူ့ဂူထဲမှာတင် ရင်ကွဲနာကျလိမ့်မယ်။ အီရန်ရဲ့ နျူကလီးယား ရည်မှန်း ချက်တွေကို မတားဆီးနိုင်ခဲ့သလို၊ ဟော်မုဇ်ရေ လက်ကြားကို ပိတ်ပြီး ခြိမ်းခြောက်ရင် အလုပ်ဖြစ်တယ်ဆိုတာကို သူတို့ သင် ခန်းစာရသွားစေတယ်” ဟု X လူမှုကွန် ရက်ပေါ်တွင် ရေးသားခဲ့သည်။
အလားတူ ကင်တပ်ကီပြည်နယ်မှ အထက်လွှတ်တော်အမတ် သောမတ်စ် မာဆီ (Thomas Massie) ကလည်း ဒေါ်လာဘီလီယံ ၃၀၀ တန် ကူညီမှုစီမံကိန်းသည် အမေရိကန်ကွန်ဂရက်လွှတ် တော်က လမ်းတံတားများအတွက် နှစ် စဉ်အသုံးပြုသည့် အသုံး စရိတ်ထက် ၅ ဆခန့် ပိုမိုများပြားနေသည်ဟု ကန့်ကွက်ခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း နစ်ကီ ဟေလီ (Nikki Haley) ကလည်း “အမေရိကန် ပျက် စီးပါစေလို့ ကြွေးကြော်နေပြီး ကျွန်မတို့ရဲ့ စစ်သည်တွေကို သတ်ဖြတ်နေတဲ့ အစိုးရမျိုးကို အခုလို ဒေါ်လာဘီလီယံပေါင်းများစွာ လွှတ် ပေးပြီး ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ ပြင်ဆင်နေတာကို မေး ခွန်းထုတ်စရာဖြစ်တယ်” ဟု ဆိုသည်။
ထို့ပြင် ထရမ်ပ်၏ ပထမဆုံးသော ဒုတိယသမ္မတဟောင်း မိုက်ပန့်စ် (Mike Pence) ကလည်း ယခု MoU သည် အိုဘားမားအစိုးရလက်ထက်က ချုပ်ဆိုခဲ့သည့် အလျော့ပေးစေ့စပ်ညှိနှိုင်းမှု (Appeasement) မျိုး ဖြစ်နေပြီး အီရန်၏ နျူကလီး ယားနှင့် ဒုံးကျည်အစီအစဉ်ကို အပြီးတိုင် ဖျက်သိမ်းရေးကိုသာ လုပ်ဆောင်သင့်ကြောင်း၊ သို့မဟုတ်ပါက အမေရိကန်စစ်တပ်ကိုသာ စစ်ပွဲအပြတ်ရှင်းခိုင်းလိုက်သင့်ကြောင်း ပြတ်ပြတ်သားသား ဝေဖန်ခဲ့သည်။
တက္ကဆက်ပြည်နယ်မှ အထက်လွှတ်တော်အမတ် တက်ဒ်ခရုဇ် (Ted Cruz) ကမူ ထရမ်ပ်၏ MoU စာချုပ်ကို ကာကွယ်ပြောဆိုခဲ့သော်လည်း အီရန်စစ်တပ်ကို ဖျက်ဆီးပြီးခါမှ အီရန်၏ ပြန် လည်တည်ဆောက်ရေးအတွက် အမေရိကန်က ရန်ပုံငွေစိုက် ထုတ်ပေးမည့် အစီအစဉ်အပေါ်ကိုမူ လုံးဝသဘောမကျကြောင်းနှင့် ယင်းအောင်ပွဲကို အလဟဿ အဆုံးရှုံးမခံရန် သမ္မတထရမ်ပ်အား တိုက်တွန်းခဲ့သည်။
Telegram»…
https://t.me/positiveanglenews
#PAN