
(ပြည်တွင်း)ဇွန် ၁၈
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်းရှိ ကံမ-မြိုင် သွားလမ်းမကြီးပေါ်၌ ထောင်ထားသည့် ဆီပေပါမိုင်းများနှင့် လက် လုပ်မိုင်း စုစုပေါင်း ၂၀ လုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိပြီး ဘေးကင်းလုံခြုံစွာ စနစ်တကျ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပခုက္ကူမြို့နယ်၊ ကံမနှင့် မြိုင်မြို့နယ်တို့ကို ဆက်သွယ်ထားသည့် လမ်းပိုင်းတစ်လျှောက်တွင် PDF ဆက်နွှယ်လက်နက် ကိုင်အဖွဲ့များက ခရီးသွားပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပျက်စီးစေရန် ရည်ရွယ် ချက်ဖြင့် ဖောက်ခွဲရေးပြင်းအားရှိ မိုင်းမျိုးစုံကို ထောင်ထားကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံ ရေးတပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ် သည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ ဇွန်လ ၁၆ ရက်နေ့တွင် မြိုင်မြို့ နယ်၊ တွင်းမကျေးရွာအနီးရှိ လမ်းဘေးဝဲယာတစ်လျှောက်မှ လက် လုပ်ဖောက်ခွဲရေးပစ္စည်း ၂၀ လုံးကို အချိန်မီ ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။




တွေ့ရှိရသည့် မိုင်းများမှာ ဆီပေပါများဖြင့် ပြုလုပ်ထားသည့် မော်တော်ယာဉ်ဖျက်မိုင်းအကြီး ၈ လုံး၊ အဝါရောင်ပလတ်စတစ်ပုံးများဖြင့် ပြုလုပ်ထားသည့် မော်တော်ယာဉ်ဖျက်မိုင်းအသေး ၃ လုံး၊ လက်လုပ်ပဒေသာမိုင်း ၅ လုံးနှင့် PVC ပိုက်များဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၄ လုံးတို့ ဖြစ်ကြောင်း တာဝန်ရှိသူများက အတည်ပြုချက်ထုတ် ပြန်သည်။
အဆိုပါ ရှာဖွေတွေ့ရှိရသည့် မိုင်း အလုံး ၂၀ အားလုံးကို လုံ ခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျ သက်မဲ့ပြုလုပ်ကာ ဘေးကင်းစွာ ရွှေ့ပြောင်းဖယ်ရှားခဲ့ပြီး ဖြစ်သည်။






လက်ရှိတွင် ဒေသခံများနှင့် ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် လမ်းပိုင်းလုံခြုံရေးကို ဆက် လက်တိုးမြှင့်ဆောင်ရွက်နေကြောင်းနှင့် ယင်းသို့ မိုင်းထောင်မှုတွင် ပါဝင်ပတ်သက်သူများကို ဖမ်းဆီးရမိရေး ဥပဒေနှင့်အညီ စုံစမ်းအရေးယူမှုများ ဆက်လက်လုပ် ဆောင်နေကြောင်း သတင်းရရှိပါသည်။
Telegram»…
https://t.me/positiveanglenews
#PAN