
(နိုင်ငံတကာ) ဇွန် ၁၆
ကမ္ဘာ့အင်အားကြီး ဂျီဆဲဗင်း (G7) အဖွဲ့ဝင်နိုင်ငံခေါင်း ဆောင်များသည် ပြင်သစ်နိုင်ငံ၊ ဆွစ်ဇာလန်နယ်စပ်အနီးရှိ အီဗီယန်-လယ်-ဘန်းမြို့ ထိပ်သီးအစည်းအဝေး၌ စုံညီတွေ့ဆုံခဲ့ကြပြီး၊ အမေရိကန်-အီရန် ကနဦးအပစ်ရပ်စာချုပ် အချောသတ်ရေးနှင့် ၄ နှစ်ကျော်ကြာမြင့်နေပြီဖြစ်သော ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးကိစ္စရပ်များကို အဓိကထိပ်တန်းဦးစားပေးအဖြစ် ထားရှိဆွေးနွေးနေကြကြောင်း သိရသည်။
အစည်းအဝေးအိမ်ရှင် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ၎င်းတို့၏ အဓိကလုပ်ငန်းစဉ်မှာ အမေရိကန်နှင့် အီရန်တို့အကြား “ခိုင်မာပြီး တည်ကြည်မှုရှိတဲ့ သဘော တူညီချက်တစ်ခုကို အချောသတ်နိုင်ဖို့” ဖြစ်ကြောင်း ထုတ် ဖော်ပြောကြားခဲ့သည်။
တနင်္လာနေ့က နှစ်ဖက်စလုံး ဒီဂျစ်တယ်စနစ်ဖြင့် ကနဦးလက် မှတ်ရေးထိုးခဲ့သည့် အဆိုပါ နားလည်မှုစာချွန်လွှာ (MoU)သည် လာမည့်သောကြာနေ့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် တရားဝင်လက်မှတ်ရေးထိုးပွဲအပြီး ရက်ပေါင်း ၆၀ အတွင်း အီရန်၏ ယူရေနီယံသန့်စင်မှုအရေးနှင့် ပိတ်ဆို့မှုများရုပ်သိမ်းရေး စသည့် ရှုပ်ထွေးလှသော နောက်ဆက်တွဲကိစ္စရပ်များကို ဆွေးနွေးရန် လမ်းပွင့်သွားစေမည် ဖြစ် သည်။
အင်္ဂါနေ့ လုပ်ငန်းသုံးနေ့လယ်စာစားပွဲတွင်လည်း ပြင်သစ်နှင့် ဗြိတိန်တို့ပူးပေါင်းမည့် ရေကြောင်းလုံခြုံရေးမစ်ရှင်အပါအဝင် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးကို အဓိကဆွေးနွေးခဲ့ကြသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ပ်ကမူ “အီရန်သဘောတူညီချက်ဟာ ကမ္ဘာကြီးအတွက် အောင်မြင်မှုတွေအများကြီး သယ်ဆောင်လာမှာပါ” ဟု ရောက်ရှိလာစဉ် လေသံပစ်ခဲ့သည်။
ဥရောပခေါင်းဆောင်များသည် ယခုထိပ်သီးအစည်း အဝေးကို အသုံးချ၍ ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် အတိတ်က အမေရိကန်အစိုးရ၏ အဆိုပြုချက်များ သည် မော်စကိုဘက်သို့ အလွန်အမင်း မျက်နှာသာပေးလွန်းခဲ့ကြောင်း ထရမ်ပ်အား နားချရန် ပြင်ဆင်နေကြသည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကိုယ်တိုင် အင်္ဂါ နေ့ ပထမဆုံးအကြိမ်အစည်းအဝေးဖြစ်သည့် “ယူကရိန်းတွင် ငြိမ်း ချမ်းရေးတည်ဆောက်ခြင်း” ကဏ္ဍသို့ တက်ရောက်မည်ဖြစ်ပြီး ထရမ်ပ်နှင့် သီးခြားတွေ့ဆုံ ဆွေးနွေးဖွယ်ရှိသည်။ ဇလန်းစကီးက ပူတင်နှင့် G7 တွင် ထိပ်တိုက်တွေ့ဆုံရန် ကမ်းလှမ်းခဲ့သော် လည်း ရုရှားဘက်ကမူ သဘောတူညီချက်အသင့်မဖြစ်ဘဲ တွေ့ဆုံရန် “ဘာအဓိပ္ပာယ်မျှမရှိ” ဟုဆိုကာ ပယ်ချထားသည်။
ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလိန်းက “ယူကရိန်းဟာ ရှေ့တန်းစစ်မျက်နှာကို ထိန်းထားနိုင်ရုံတင်မကဘဲ ရုရှားနိုင်ငံရဲ့ အတွင်းပိုင်းအထိ မဟာဗျူဟာမြောက် ပစ် မှတ်တွေကို တိုက်ခိုက်နိုင်စွမ်း ရှိလာပါပြီ။ အခြားတစ်ဖက်မှာလည်း ပူတင်ရဲ့ စစ်စီးပွားရေးစနစ်ဟာ ပိတ်ဆို့မှုတွေကြောင့် အခုလောက်အထိ အားနည်းခဲ့တာမျိုး တစ်ခါမှမရှိခဲ့ပါဘူး” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
ဥရောပနိုင်ငံများသည် ရုရှားအပေါ် ပိတ်ဆို့မှု တင်းကျပ်ပြီး ယူကရိန်းကို စစ်ရေးမြှင့်တင်ပေးနေသော်လည်း၊ ငြိမ်း ချမ်းရေးဆွေးနွေးပွဲများကို ပိတ်ဆို့နေသည်မှာ ကိဗ်အစိုးရမဟုတ်ဘဲ မော်စကိုသာဖြစ်ကြောင်း သံတမန်ရေးအရ သက်သေပြလိုကြသည်။
သမ္မတ ထရမ်ပ်ကမူ ၎င်းအနေဖြင့် ဇလန်းစကီး၊ ပူတင်တို့ နှစ်ဦးစလုံးနှင့် ဖုန်းဖြင့် စကားပြောဆိုခဲ့ပြီး ၎င်းတို့နှစ်ဦးစလုံးသည် “စစ်ပွဲနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ဖို့ လမ်းဖွင့်ထားကြတယ်” ဟု ယုံကြည်ကြောင်း ဆိုသည်။ ယခုဆွေး နွေးပွဲများသို့ အဖွဲ့ဝင်နိုင်ငံများအပြင် အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ကာတာနှင့် အီဂျစ်နိုင်ငံတို့မှ ခေါင်း ဆောင်များလည်း တက်ရောက်လျက်ရှိသည်။
Telegram»…
https://t.me/positiveanglenews
#PAN