နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် တွေ့ဆုံဆွေးနွေး

(နိုင်ငံတကာ) ဇွန် ၁၆

နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ယနေ့ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နံနက်ပိုင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ နှစ်နိုင်ငံအကြား သဘောတူစာချုပ်များနှင့် နားလည်မှုစာချွန်လွှာ စုစုပေါင်း ၁၈ ခု လက်မှတ်ရေးထိုးခြင်း၊ တီယန်အန်မင်ရင်ပြင်ရှိ သူရဲကောင်းဗိမာန်တွင် လွမ်းသူ့ပန်းခွေချ ဂုဏ်ပြုခြင်းတို့ကို ပြုလုပ်ခဲ့သည်။

ထို့အပြင် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ မစ္စတာ ကျောက်လဲ့ကျိနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။