
(ပြည်တွင်း)ဇွန် ၁၆
မြန်မာနိုင်ငံ၏ ကမ်းလွန်ရေနက်ပိုင်းဒေသများတွင် သမိုင်း ဝင်အဆင့်ရှိနိုင်မည့် အလွန်ကြီးမားသော သဘာဝဓာတ်ငွေ့အရန်သိုက်များ ရှိနေကြောင်း ဘူမိဗေဒပညာရှင်များက အတည်ပြုလိုက်ပြီးနောက်၊ နိုင်ငံ၏ စွမ်းအင်ကဏ္ဍကို မြှင့်တင်ပေးနိုင်မည့် ကမ်းလွန်ဓာတ်ငွေ့စီမံကိန်းအသစ်များကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ပင်လယ်ရေအောက် သဲကျောက်လှောင်ကန်များ၏ သရီးဒီ(3D) ငလျင်တိုင်းတာမှုဆိုင်ရာ စစ်တမ်းများနှင့် စမ်းသပ်တွင်းတူးဖော်မှု ရလဒ်များအရ ယခုကဲ့သို့ ရေနက်ပိုင်းသိုက်ကြီးများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ရတနာ၊ ဇောတိက၊ ရွှေနှင့် ရဲတံခွန် စသည့် ကမ်းလွန်စီမံကိန်း ၄ ခုကို အောင်မြင်စွာ လည်ပတ်လျက်ရှိပြီး၊ ယင်းတို့မှရရှိသော သဘာဝဓာတ်ငွေ့များကို ပြည်တွင်းလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ မြေ ဩဇာစက်ရုံများနှင့် ကုန် ထုတ်လုပ်မှု လုပ်ငန်းများတွင် အဓိကအသုံးပြုကာ နိုင်ငံစီးပွား ရေးကို ထောက်ပံ့ပေးလျက်ရှိသည်။
အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းရန်အတွက် အစိုးရအနေဖြင့် နောက်ထပ် ကမ်းလွန်စီမံကိန်းအသစ် ၄ ခုကို ထပ်မံဖွံ့ဖြိုးတိုးတက်အောင် ပြင်ဆင်နေပြီး ယင်းတို့အနက် ‘ဧရာဝတီ’ နှင့် ‘တနင်္သာရီ’ ကမ်းလွန်ရေနက်ပိုင်း စီမံကိန်းနှစ်ခုမှာ အလား အလာအကောင်းဆုံးအဖြစ် ထိပ်ဆုံးမှ ရှိနေသည်။
ဧရာဝတီကမ်းလွန်ရေနက်စီမံကိန်းအနေဖြင့် စမ်းသပ်တွင်းများနှင့် အကဲဖြတ်တွင်းများအရ အဆိုပါ လုပ်ကွက်တွင် သက် သေပြပြီး သဘာဝဓာတ်ငွေ့အရန်အင်အားစု ကုဗပေ ၁၄ ထရီလီယံအထိ ရှိနိုင်ကြောင်း ညွှန်ပြနေသည်။ လက်ရှိတွင် အဆိုပါလုပ် ကွက်မှ စီးပွားဖြစ် (Commercial Production) အဆင့်အဖြစ် စတင်ထုတ်လုပ်နိုင်ရန် အနီးကပ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
တနင်္သာရီကမ်းလွန်ရေနက်စီမံကိန်းသည် ယခုရှာဖွေတွေ့ရှိမှုများထဲတွင် အကြီးမားဆုံးဖြစ်ပြီး ၉၀ ရာခိုင်နှုန်း သေချာမှုအဆင့် (P90)ဖြင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၉၅ ထရီလီယံခန့်အထိ အမြောက်အမြား ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ ဓာတ် ငွေ့ပမာဏ ပိုမိုတိကျသေချာစေရန် စမ်း သပ်တွင်းများကို ဆက် လက်တူးဖော်သွားမည်ဖြစ်ပြီး၊ ထို့နောက် စီးပွားဖြစ် ထုတ်လုပ်နိုင်ရေး အဆင့်ဆင့် အကောင်အထည်ဖော်သွားမည်ဖြစ်သည်။
အဆိုပါ ရေနက်ပိုင်းစီမံကိန်းသစ်များ အောင်မြင်စွာ လည် ပတ်နိုင်ပါက ပြည်တွင်းစွမ်းအင် လိုအပ်ချက်ကို ရေရှည်ဖြည့် ဆည်းပေးနိုင်မည့်အပြင်၊ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်မည့် စီးပွားရေးမဏ္ဍိုင်အသစ် ဖြစ်လာနိုင်ကြောင်း စွမ်းအင်ကဏ္ဍ ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။
Telegram»…
https://t.me/positiveanglenews
#PAN