သမ္မတ ဒေါ်နယ်ထရမ်ပ်က အီရန်နှင့် အပစ်ရပ်မှုကို ကြွားလုံးထုတ်ပြီး ယူကရိန်းနှင့် လက်ဘနွန်စစ်ပွဲများ အဆုံး သတ်ရန် အရှိန်မြှင့်တင်သွားမည်ဟုဆို

(နိုင်ငံတကာ) ဇွန် ၁၆

     အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ပ်သည် ပြင်သစ်နိုင်ငံ ၌ ကျင်းပလျက်ရှိသည့် ဂျီဆဲဗင်း(G7) ထိပ်သီးအစည်း အဝေးသို့ ရောက်ရှိလာပြီးနောက်၊ အီရန်နှင့် ဖြစ်ပွားခဲ့သည့် စစ်ပွဲကို အဆုံးသတ်နိုင်ခဲ့သည့် ကနဦးဒီဂျစ်တယ် သဘော တူညီချက်အပေါ် ကမ္ဘာ့ခေါင်းဆောင်များရှေ့မှောက်၌ ကြွားလုံးထုတ် ပြောဆိုလိုက်သည်။

     တစ်ပြိုင်နက်တည်းမှာပင် ၎င်းအနေဖြင့် ယခုအခါ ယူကရိန်း-ရုရှားစစ်ပွဲနှင့် လေဘာနွန်ပဋိပက္ခများကိုပါ အပြီး တိုင် အဆုံးသတ်နိုင်ရေးအတွက် သံတမန်ရေးရာ အရှိန်မြှင့်တင်သွားမည်ဟု ၎င်း၏ မျှော်မှန်းချက်ကို အရိပ်အမြွက် ထုတ်ဖော်ခဲ့သည်။

     သမ္မတ ထရမ်ပ်သည် အစည်းအဝေးအိမ်ရှင် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် တွေ့ဆုံစဉ် “အီရန်နဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်ဟာ ကမ္ဘာကြီးအတွက် အောင်မြင်မှုတွေ အများကြီး သယ်ဆောင်လာပေးမှာ ဖြစ်သလို၊ ဒီနေ့မှာ ရေနံဈေးနှုန်းတွေ ထိုးကျသွားပြီး စတော့ဈေးကွက်ကတော့ ဒုံးပျံတစ်စင်းလို ထိုးတက်သွားပြီ” ဟု ၎င်း၏ အပစ်ရပ်ဗျူဟာကြောင့် စီးပွားရေးဦးမော့လာမှုကို ထောက်ပြခဲ့သည်။

     ပြီးခဲ့သည့် ဖေဖော်ဝါရီလနှောင်းပိုင်းက အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းကာ အီရန်အပေါ် စစ်ပွဲစတင်ရန် ဆုံး ဖြတ်ချက်ချစဉ်က ကြိုတင်တိုင်ပင်ခြင်းမရှိဟုဆိုကာ ထရမ်ပ်အား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည့် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် အီတလီ ခေါင်းဆောင်များအပေါ် ထရမ်ပ်က ယခုအပစ်ရပ်စာချုပ်ဖြင့် အသာစီးရလျက် တုံ့ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

​     အီရန်အရေးကို အောင်မြင်စွာ ကိုင်တွယ်နိုင်ခဲ့ပြီးနောက် ထရမ်ပ်က ၎င်း၏ အဓိကပစ်မှတ်ကို ယူကရိန်းအရေးသို့ ရွှေ့ပြောင်းလိုက်ကြောင်း ကြေညာခဲ့သည်။ “ကျွန်တော်တို့ မနေ့က သမ္မတ ဇလန်းစကီး၊ သမ္မတ ပူတင်တို့နဲ့ အလွန်ကောင်းမွန်တဲ့ ဆွေးနွေးမှုတစ်ခု လုပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးက ငြိမ်းချမ်းရေးဆွေးနွေးဖို့ လက်ခံဖို့ အလား အလာရှိတယ်လို့ ထင်ပါတယ်” ဟု ထရမ်ပ်က ဆိုသည်။

     ယူကရိန်းသမ္မတ ဇလန်းစကီးက ယခု G7 အစည်း အဝေးတွင် ထရမ်ပ် အပါအဝင် ဥရောပခေါင်းဆောင်များနှင့်အတူ ရုရှားသမ္မတ ပူတင်နှင့် ထိပ်တိုက်တွေ့ဆုံရန် ကမ်း လှမ်းခဲ့သော်လည်း ကရင်မလင်ဘက်ကမူ တစ်စုံတစ်ရာ ပြန်လည်တုံ့ပြန်ခြင်း မရှိသေး….

အပြည့်အစုံဖတ်ရန်….
https://positiveanglenews.com/2026/06/16/အီရန်နှင့်-အပစ်ရပ်မှုကိ/

#ဂျီဆဲဗင်း #ဒေါ်နယ်ထရမ်ပ် #ဟော်မုဇ်ရေလက်ကြား #အပစ်အခတ်ရပ်စဲရေး #ယူကရိန်းစစ်ပွဲ #နိုင်ငံတကာသတင်း

https://t.me/positiveanglenews#PAN

(နိုင်ငံတကာ) ဇွန် ၁၆

     အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ပ်သည် ပြင်သစ်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် ဂျီဆဲဗင်း(G7) ထိပ်သီးအစည်း အဝေးသို့ ရောက်ရှိလာပြီးနောက်၊ အီရန်နှင့် ဖြစ်ပွားခဲ့သည့် စစ်ပွဲကို အဆုံး သတ်နိုင်ခဲ့သည့် ကနဦးဒီဂျစ်တယ် သဘောတူညီချက်အပေါ် ကမ္ဘာ့ခေါင်းဆောင်များရှေ့မှောက်၌ ကြွားလုံးထုတ် ပြောဆိုလိုက်သည်။

     တစ်ပြိုင်နက်တည်းမှာပင် ၎င်းအနေဖြင့် ယခုအခါ ယူကရိန်း-ရုရှားစစ်ပွဲနှင့် လေဘာနွန်ပဋိပက္ခများကိုပါ အပြီးတိုင် အဆုံး သတ်နိုင်ရေးအတွက် သံတမန်ရေးရာ အရှိန်မြှင့်တင်သွားမည်ဟု ၎င်း၏ မျှော်မှန်းချက်ကို အရိပ်အမြွက် ထုတ်ဖော်ခဲ့သည်။

     သမ္မတ ထရမ်ပ်သည် အစည်းအဝေးအိမ်ရှင် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် တွေ့ဆုံစဉ် “အီရန်နဲ့ ရရှိခဲ့တဲ့ သဘော တူညီချက်ဟာ ကမ္ဘာကြီးအတွက် အောင်မြင်မှုတွေ အများကြီး သယ်ဆောင်လာပေးမှာ ဖြစ်သလို၊ ဒီနေ့မှာ ရေနံဈေးနှုန်းတွေ ထိုးကျသွားပြီး စတော့ဈေးကွက်ကတော့ ဒုံးပျံတစ်စင်းလို ထိုးတက်သွားပြီ” ဟု ၎င်း၏ အပစ်ရပ်ဗျူဟာကြောင့် စီးပွားရေးဦးမော့လာမှုကို ထောက်ပြခဲ့သည်။

     ပြီးခဲ့သည့် ဖေဖော်ဝါရီလနှောင်းပိုင်းက အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းကာ အီရန်အပေါ် စစ်ပွဲစတင်ရန် ဆုံးဖြတ် ချက်ချစဉ်က ကြိုတင်တိုင်ပင်ခြင်းမရှိဟုဆိုကာ ထရမ်ပ်အား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည့် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် အီတလီ ခေါင်းဆောင်များအပေါ် ထရမ်ပ်က ယခုအပစ်ရပ်စာချုပ်ဖြင့် အသာစီးရလျက် တုံ့ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

​     အီရန်အရေးကို အောင်မြင်စွာ ကိုင်တွယ်နိုင်ခဲ့ပြီးနောက် ထရမ်ပ်က ၎င်း၏ အဓိကပစ်မှတ်ကို ယူကရိန်းအရေးသို့ ရွှေ့ပြောင်းလိုက်ကြောင်း ကြေညာခဲ့သည်။ “ကျွန်တော်တို့ မနေ့က သမ္မတ ဇလန်းစကီး၊ သမ္မတ ပူတင်တို့နဲ့ အလွန်ကောင်းမွန်တဲ့ ဆွေးနွေးမှုတစ်ခု လုပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးက ငြိမ်းချမ်းရေးဆွေးနွေးဖို့ လက်ခံဖို့ အလားအလာရှိတယ်လို့ ထင်ပါတယ်” ဟု ထရမ်ပ်က ဆိုသည်။

     ယူကရိန်းသမ္မတ ဇလန်းစကီးက ယခု G7 အစည်းအဝေးတွင် ထရမ်ပ် အပါအဝင် ဥရောပခေါင်းဆောင်များနှင့်အတူ ရုရှားသမ္မတ ပူတင်နှင့် ထိပ်တိုက်တွေ့ဆုံရန် ကမ်းလှမ်းခဲ့သော် လည်း ကရင်မလင်ဘက်ကမူ တစ်စုံတစ်ရာ ပြန်လည်တုံ့ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

     အထူးသဖြင့် ပူတင်သည် စစ်ရာဇဝတ်မှုများကြောင့် နိုင်ငံ တကာရာဇဝတ်ခုံရုံး (ICC) ၏ ဖမ်းဝရမ်း အထုတ်ခံထားရသူဖြစ်ရာ၊ ICC အဖွဲ့ဝင်ဖြစ်သည့် ပြင်သစ်မြေပေါ်သို့ ပူတင် လာရောက်ရေးမှာ ဥပဒေကြောင်းအရ ရှုပ်ထွေးမှုများ ရှိနေသည်။

​     ထရမ်ပ်၏ အပစ်ရပ်စာချုပ်ကြောင့် G7 မဟာမိတ်များ သက် ပြင်းချနိုင်ခဲ့ကြသော်လည်း၊ ပြင်သစ်အပေါ် အမေရိကန်က အခွန်အသစ်များ ကောက်ခံမည်ဟု ခြိမ်း ခြောက်ထားမှု၊ နေတိုး (NATO) အဖွဲ့အပေါ် မေးခွန်းထုတ်မှုများနှင့် လူဝင်မှုကြီးကြပ် ရေးဆိုင်ရာ သဘောထားတင်းမာမှုများကြောင့် အဖွဲ့ဝင်များအကြား စိုးရိမ်မကင်းဖြစ်မှုများ ရှိနေဆဲဖြစ်သည်။

     ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် ဥရောပနိုင်ငံများက စစ်သင်္ဘောများ စေလွှတ်ကူညီရန် ကမ်းလှမ်းမှုကိုလည်း ထရမ်ပ်က “ရေလက်ကြားက ပွင့်သွားတော့မှာမို့ အကူအညီ သိပ်မလိုပါဘူး” ဟု ပယ်ချခဲ့သော်လည်း ဂုဏ် သိက္ခာအရ ပြင်သစ်အနေဖြင့် သင်္ဘောတစ်စင်းနှစ်စင်း ထားရှိနိုင်ကြောင်း မက်ခရွန်အား ပြောကြားခဲ့သည်။

     ယခုဗုဒ္ဓဟူးနေ့တွင် ပြီးဆုံးမည့် G7 ထိပ်သီးအစည်း အဝေးတွင် ခေါင်းဆောင်များသည် အရှေ့ဥရောပနှင့် အရှေ့အလယ်ပိုင်းစစ်ပွဲ နောက်ဆက်တွဲများအပြင်၊ ကမ္ဘာ့စီးပွား ရေး မမျှတမှုများ၊ အေအိုင် (AI) နည်းပညာထိန်းချုပ်ရေးနှင့် အီလက်ထရွန် နစ်ပစ္စည်းများတွင် မရှိမဖြစ်လိုအပ်သည့် ရှားပါးမြေဒြပ်စင် (rare earth minerals) ဈေးကွက်အပေါ် တရုတ်နိုင်ငံ၏ လွှမ်းမိုးချုပ်ကိုင်ထားမှုကို တားဆီးနိုင်ရေးစသည့် ကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားကြမည် ဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

#PAN