မြန်မာ-လာအို နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူ၊ ရွေးကောက်ခံအစိုးရနှင့် ပြည်သူ့ဆန္ဒအပေါ် ထောက်ခံကြောင်း လာအိုထုတ်ဖော်ပြောကြား

(ပြည်တွင်း)ဇွန် ၁၃

     ​မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နိုင်ငံရေး၊ စီးပွား ရေး၊ ကုန်သွယ်ရေးနှင့် လူမှုရေးအပါအဝင် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြပြီး၊ မြန်မာနိုင်ငံ၏ ရွေးကောက်ခံအစိုးရနှင့် ပြည်သူလူထု၏ ဆန္ဒအပေါ် လာအိုနိုင်ငံအနေဖြင့် ထောက်ခံရပ်တည်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

     လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ သောင်ဆာဗန် ဖွန်ဗီဟန် (Mr Thongsavan Phomvihane) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့ကြသည်။

     ထိုသို့တွေ့ဆုံရာတွင် အာဆီယံနှင့် ဒေသတွင်းနိုင်ငံများအနေ ဖြင့် မဲဆန္ဒရှင်ပြည်သူလူထု၏ လိုလားချက်နှင့် လွှတ်တော်ကိုယ် စားလှယ်များ၏ သဘောထားကို လျစ်လျူမရှုသင့်ကြောင်း၊ လာအိုနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ရွေး ကောက်ခံအစိုးရအပေါ် အပြည့်အဝထောက်ခံကြောင်းနှင့် လာအိုသမ္မတက မြန်မာသမ္မတထံ ပေးပို့သည့် လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် လာရောက်လည်ပတ်ရန် ဖိတ်ကြားလွှာကိုလည်း ပေး အပ်ခဲ့သည်။

     ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်များသည် မြန်မာ-လာအို ချစ် ကြည်ရေးတံတားမှတစ်ဆင့် ကုန်သွယ်မှုကဏ္ဍ အရှိန် အဟုန်မြှင့်တင်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြသည်။

     မြန်မာနိုင်ငံဘက်ကလည်း ငါးနှစ်အတွင်း ငြိမ်းချမ်းရေးပြန် လည်ဖော်ဆောင်မည့် ကတိကဝတ်ပြုချက်များ၊ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် (Five-Point Consensus) အား အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် နှစ်နိုင်ငံအကြား ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို အတူတကွ ကျော်လွှားနိုင်ရေး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

     တွေ့ဆုံပွဲအပြီးတွင် သမ္မတနှင့် လာအိုဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး တက်ရောက်လာသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံများ တွဲဖက်ရိုက်ကူးခဲ့ကြသည်။

     အဆိုပါတွေ့ဆုံပွဲသို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ လာအိုဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး မစ္စတာ ဘွန်ဖီယန်း ချန်သာဗွန် (Mr Bounphieng Chanthavong) နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြသည်။

Telegram»…
https://t.me/positiveanglenews

#PAN