(မှုခင်း) ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအား PDF အကြမ်းဖက်သမားများက ခေါင်းဖြတ်သတ်ဖြတ်ခြင်း ခံရကြောင်း သိရသည်။
ဇွန်လ ၁၀ ရက်၊ ည ၁၂ နာရီခွဲအချိန်က အုတ်ဖိုကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်တူး(ခ)ဦးတူး (၅၉)နှစ်သူသည် နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် PDF အကြမ်းဖက်သမား ၈ ဦး ရောက်ရှိလာပြီး ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် နေအိမ်အတွင်းရှိ လက်ကိုင်ဖုန်း ၅ လုံး၊ ရွှေထည်ပစ္စည်းများ၊ ငွေကျပ် ၅ သိန်းခန့်နှင့် နေအိမ်အပြင်ဘက်တွင် ရပ်ထားသည့် ဆိုင်ကယ် ၂ စီး၊ စုစုပေါင်းတန်ဘိုးကျပ်သိန်း ၃၉၀ ခန့်ကိုပါ အကြမ်းဖက်လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

#PAN