(မှုခင်း) ဇွန် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မန္တလေး–မုံရွာလမ်းမကြီးပေါ် အင်္သခရာအဝိုင်းပတ်အနီးတွင် ခရမ်းချဉ်သီးများတင်ဆောင်လာသည့် ယာဉ်တစ်စီးသည် ဇွန် ၁၂ ရက်နေ့ နံနက် ၁၂ နာရီ ၀၈ မိနစ်ခန့်အချိန်တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်သတင်းရရှိသည်နှင့်တပြိုင်နက် စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်နေရာသို့ အမြန်သွားရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိပြီး အဆိုပါဒဏ်ရာရရှိသူများကို အိုးဘိုလူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် စစ်ကိုင်းမြို့နယ် ကုတင် ၃၀၀ ဆံ့ဆေးရုံသို့ အချိန်မီ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
သက်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် အခင်းဖြစ်နေရာတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

#PAN