
(ပြည်တွင်း)ဇွန် ၁၂
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် နေပြည်တော်စာပေအဖွဲ့ (Nay Pyi Taw Literary Circle)နာယကအဖွဲ့ဝင် စာရေး ဆရာ ဦးကြည်သိန်း (ကဖိုးကြင်) ဦးဆောင်သော စာရေးဆရာများအား ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ် တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက လွှတ် တော်ကိုယ်စားလှယ်များ၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း သိရှိနားလည်မှု ပိုမိုမြင့်မားလာစေရန် အလေးထားဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင် လက်ရှိကျင်းပလျက်ရှိသော လွှတ်တော်အစည်း အဝေးများ၏ မြေပြင်အခြေ အနေများနှင့် လွှတ်တော်၏ အဓိကတာဝန်ဖြစ်သော ဥပဒေပြုရေးလုပ်ငန်းစဉ် (Legislative Process) ဆောင်ရွက်ချက်များကို ခြုံငုံဆွေးနွေးခဲ့သည်။
ထိုနောက် တက်ရောက်လာကြသည့် နေပြည်တော်စာပေအဖွဲ့မှ စာရေးဆရာများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန် လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တွဲဖက်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN