(မှုခင်း) ဇွန် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ (၁၀) မိုင်ဂုံးအကျော် ရန်ကုန်–ပဲခူးလမ်းမပေါ်တွင် ဇွန်လ ၁၁ ရက် နံနက် ၇ နာရီ ၄၀ မိနစ်ခန့် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ NISSAN MITSUBISHI အပြာရောင် (၂၂) ဘီးယာဉ်အား အချိုရည်များတင်ဆောင်လာသော Canter (၆) ဘီးကုန်တင်ယာဉ်က နောက်မှဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ပြီး အဆိုပါယာဉ်တိုက်မှုကြောင့်Canter (၆) ဘီးကုန်တင်ယာဉ်ပေါ်ပါ အမျိုးသား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အခင်းဖြစ်နေရာသို့ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ရုပ်အလောင်းများအား မေတ္တာရွှေစင်ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် ပဲခူးဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#PAN