ဘဲလ်ဖတ်စ်မြို့တွင် ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေး ဆူပူအုံကြွမှုများ ဆက်လက်ဖြစ်ပွား၊ ရဲတပ်ဖွဲ့က ရေအမြောက်များဖြင့် နှိမ်နင်း

(နိုင်ငံတကာ) ဇွန် ၁၁

     ယူနိုက်တက်ကင်းဒမ်း (UK) နိုင်ငံ၊ မြောက်အိုင်ယာလန်၊ ဘဲလ်ဖတ်စ်မြို့တွင် ဆူဒန်ဒုက္ခသည်တစ်ဦး ပါဝင်ပတ်သက်သည့် ဓားထိုးမှုတစ်ခုအပြီးတွင် ရွှေ့ပြောင်းနေထိုင်သူ ဆန့် ကျင်ရေး အကြမ်းဖက်ဆူပူမှုများ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားလျက်ရှိရာ ရဲတပ်ဖွဲ့က ရေအမြောက်များအသုံးပြု၍ လူစု ခွဲခဲ့ရသည်။

     ဆူပူအုံကြွသူများသည် ရဲတပ်ဖွဲ့အား ကျောက်ခဲများနှင့် ပုလင်းများဖြင့် ပစ်ပေါက်ခြင်း၊ နေအိမ်များနှင့် ယာဉ်များကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ဓားထိုးခံရသူ၏ မိသားစုကမူ “ကျွန်တော်တို့နိုင်ငံအတွက် အဖိုးတန်တဲ့ ပံ့ပိုးမှုတွေ လုပ်ဆောင်ပေးနေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဆန့်ကျင်ပြီး ဒီအဖြစ်ဆိုးကို လူမျိုးရေးသွေးခွဲဖို့ မသုံးကြပါနဲ့” ဟု တည်ငြိမ်မှုရှိကြရန် အသနားခံ တောင်းပန်ခဲ့သည်။

     ဓားထိုးမှု ကျူးလွန်သူ အသက် ၃၀ အရွယ် ဆူဒန်နိုင်ငံ သားကို တရားရုံးက ချုပ်နှောင်ထားပြီး စစ်ဆေးလျက်ရှိသည်။ သို့သော် အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည့် ဓားထိုးမှု ဗီဒီယိုဖိုင်များနှင့်အတူ လူမှုကွန်ရက်ပေါ်တွင် အကြမ်းဖက်ဆန္ဒပြရန် လှုံ့ဆော်မှုများကြောင့် ဆူပူမှုများ ပိုမိုကြီးထွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အကြမ်းဖက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ကားများနှင့် ဘတ်စ်ကားများ မီးရှို့ခံခဲ့ရသည်။

     ဝန်ကြီးချုပ် ကီယာစတာမာက ယခုဆူပူမှုကို “တုန်လှုပ်ဖွယ်ရာဖြစ်ပြီး လုံးဝလက်ခံနိုင်စရာမရှိ” ဟု ပြစ်တင်ရှုတ်ချခဲ့သည်။ ရဲ တပ်ဖွဲ့က လမ်းမများပေါ်တွင် ရဲအင်အား ၂၀၀ ထပ်မံချထားကာ အခြေအနေကို ထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိသည်။

     ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်(Volker Turk)က လူမှုကွန်ရက်ပေါ်ရှိ “လှုံ့ဆော်မှုများ” ဟု ၎င်းခေါ်ဆိုသော အရာများကို ရှုတ်ချခဲ့သည်။ “လူ့အဖွဲ့ အစည်းတစ်ခုအတွင်းက အုပ်စုတစ်ခုလုံးကို လူမဆန်စွာ သရုပ် ဖော်တာဟာ လုံးဝ လက်ခံနိုင်စရာမရှိသလို တကယ်ကို စက်ဆုပ် ရွံရှာဖွယ်ကောင်းပါတယ်” ဟု ၎င်းက ဂျီနီဗာရှိ သတင်းထောက်များကို ပြောကြားခဲ့ပြီး မြောက်အိုင်ယာလန်နှင့် ဆောက်သမ်တန် နှစ်ခုစလုံးရှိ အကြမ်းဖက်မှုများသည် “တကယ်ကို တုန်လှုပ်ဖွယ် ရာ” ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    လူမှုကွန်ရက် ဝန်ဆောင်မှုပေးသူများသည် အမုန်းစကားများနှင့် အကြမ်းဖက်လှုံ့ဆော်မှုများကို တားဆီးရန် ၎င်းတို့၏ တာဝန်ဝတ္တရားများကို အလေးအနက်ထား ဆောင်ရွက်ရမည်ဟု ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။

     မြောက်အိုင်ယာလန်တွင် ရွှေ့ပြောင်းနေထိုင်မှုသည် သမိုင်း ကြောင်းအရ နည်းပါးခဲ့ပြီး၊ တစ်စိတ်တစ်ပိုင်းအား ဖြင့် အိုင်ယာလန် ပြန်လည်ညီညွတ်ရေးကို လိုလားသော ကက်သလစ် အိုင်ယာလန်အမျိုးသားရေးဝါဒီများနှင့် ယူကေနှင့် ဗြိတိသျှစစ်တပ်အတွင်း ဆက်လက်ရှိနေလိုသော ပရိုတက်စတင့် ဗြိတိသျှလိုလားသူ “သစ္စာခံများ” ကြား သုံးဆယ်စုကြာ ပဋိပက္ခများကြောင့် ဖြစ်သည်။

     သို့သော်လည်း မကြာသေးမီနှစ်များအတွင်း ရွှေ့ပြောင်းနေ ထိုင်မှု ပိုမိုမြင့်တက်လာခဲ့ပြီး မြောက်အိုင်ယာလန်နှင့် အိုင်ယာလန်သမ္မတနိုင်ငံ အစိတ်အပိုင်းနှစ်ခုစလုံးတွင် ရွှေ့ပြောင်းနေ ထိုင်မှုအပေါ် ဆန့်ကျင်သည့် စိတ်ဓာတ်များ တိုးပွားလာလျက်ရှိသည်။

Telegram»…
https://t.me/positiveanglenews

#PAN