ငြိမ်းချမ်းရေးဆွေးနွေးမှု ပျက်ပြားလုနီးပါးဖြစ်ကာ အီရန်ကို အပြင်းအထန် ဆက်လက်တိုက်ခိုက်မည်ဟု ထရန့် ကြုံးဝါး

(နိုင်ငံတကာ) ဇွန် ၁၁

     အမေရိကန်နှင့် အီရန်တို့ကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် နီးစပ်နေပြီဟု သီတင်းပတ်အတော်ကြာ ပြောကြားခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အင်္ဂါ နေ့က ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန် ရဟတ်ယာဉ်တစ်စီး ပစ်ချခံရပြီးနောက် တီဟီရန်အစိုးရအပေါ် လေသံအလှည့်အပြောင်းပြု လုပ်ကာ စစ်ရေးအရ အပြင်းအထန် တိုက်ခိုက်သွားမည်ဟု ကြုံးဝါးလိုက်သည်။

     ယင်းကြောင့် ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့က ရရှိထားသည့် ယာယီအပစ်အခတ်ရပ်စဲရေးမှာ ပျက်ပြားသွားပြီလားဆိုသည့် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

     သမ္မတထရန့်က Fox News နှင့် အင်တာဗျူးတွင် အီရန် ဘက်က သဘောတူညီချက် လက်မှတ်ရေးထိုးရန် အချိန်ဆွဲနေကြောင်း ပြစ်တင်ခဲ့ပြီး အမေရိကန်စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုများကို “မိမိအနေဖြင့် ဆက်လက်လုပ် ဆောင်သွားနိုင်သည်” ဟု ပြောကြားခဲ့သည်။ ထို့ပြင် အိမ်ဖြူတော်အလွတ်သဘောရုံးခန်း (Oval Office)၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း “ကျွန်တော်တို့ သူတို့ကို အပြင်းအထန် ဆက်လက်တိုက်ခိုက်သွားမှာပါ” ဟု ဖြည့် စွက်ပြောကြားခဲ့သည်။

     ထရန့်သည် အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် တံတားများကဲ့သို့သော အခြေခံအဆောက်အအုံများကို ဗုံးကြဲမည်ဟု ၎င်း၏ ခြိမ်းခြောက်မှုကို ထပ်မံအတည်ပြုခဲ့ပြီး ယင်းလုပ်ရပ်မှာ စစ်ရာဇဝတ်မှုမြောက်နိုင်သည်ဟူသော ဝေဖန်မှုများကို ဂရုမစိုက်သည့် လက္ခဏာပြသခဲ့သည်။ ၎င်း ၏ Truth Social စာမျက်နှာတွင်လည်း အီရန်သည် စစ်ရေးအရ “လုံးဝအရေးနိမ့်သွားပြီ” ဟု ရေးသားခဲ့သည်။

     အမေရိကန်၏ ဗုံးကြဲမှုများကို အီရန်ဘက်ကလည်း ဘာရိန်း၊ ကူဝိတ်နှင့် ဂျော်ဒန်နိုင်ငံတို့ရှိ အမေရိကန်စစ်စခန်းများကို ဒုံး ကျည်များဖြင့် ပြန်လည်ပစ်ခတ်ကာ လက်တုံ့ပြန်ခဲ့သည်။

     အီရန်သမ္မတ မာဆုဒ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian)က ဒေသတွင်း၌ “စစ်လည်းမဖြစ်၊ ငြိမ်းချမ်းရေးလည်းမရ” သည့် အခြေအနေကို ကျော်လွန်အောင် လုပ်ဆောင်ရမည်ဖြစ်သော်လည်း အမေရိကန်၏ ခြိမ်း ခြောက်မှုများ ရှေ့ မှောက်တွင် အလျှော့ပေးမည်မဟုတ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။

      “စစ်ပွဲဟာ နိုင်ငံရဲ့အကျိုးစီးပွားအတွက် မဟုတ်တာ သေချာပါတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ရဲ့ ဂုဏ် သိက္ခာနဲ့ နယ်မြေကို ချိုးဖောက်ဖို့ ကြိုးစားရင်တော့ အညံ့ခံမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။ အီရန်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဟာဂျီ ဘာဘာအီကလည်း အမေရိကန်သည် စီးပွားရေးနှင့် စစ်ရေးစစ်ပွဲတွင် ရှုံးနိမ့်လိမ့်မည်ဟု တုံ့ပြန်ခဲ့သည်။

     အီရန်အပေါ် ထရန့်က စစ်ရေးလေသံမြှင့်နေသော်လည်း အမေရိကန်ပြည်တွင်း၌မူ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် စစ်ပွဲကို ထိန်း ချုပ်နိုင်စွမ်းမရှိမှုတို့ကြောင့် ဝေဖန်ခံနေရသည်။ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ခရစ် မာဖီက “ဓာတ်ဆီနဲ့ ကုန်စုံဆိုင်တွေမှာ ဈေးနှုန်းတွေ မြင့်တက်နေချိန်မှာ သမ္မတဟာ အီရန်စစ်ပွဲအပေါ် လုံးဝထိန်းချုပ်မှု ဆုံးရှုံးသွားခဲ့ပါပြီ” ဟု X လူမှုကွန်ရက်တွင် ဝေဖန်ခဲ့သည်။

     ထို့ပြင် အမေရိကန်အနေဖြင့် လာမည့် သီတင်းပတ်အနည်း ငယ်အတွင်း ဖီဖာ ကမ္ဘာ့ဖလား (FIFA World Cup) ပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ရှိနေခြင်း၊ လွတ်လပ်ရေး နှစ် ၂၅၀ ပြည့် အခမ်းအနား ပြင်ဆင်နေရခြင်းနှင့် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ကာ လ ရောက်ရှိနေခြင်းတို့ကြောင့် ထရန့်အနေဖြင့် အီရန်နှင့် စစ်ပွဲအလုံးစုံ ပြန်လည်စတင်ရန် ပြည်တွင်းရေးအခြေအနေများက အတားအဆီး ဖြစ်နေနိုင်ကြောင်း သုံးသပ်သူများက ထောက်ပြကြသည်။

Telegram»…
https://t.me/positiveanglenews

#PAN