
(ပြည်တွင်း)ဇွန် ၉
တရုတ်နှင့် မြန်မာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူ ထောင်သည့် ၇၆ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကျင်းပသော “၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်သီတင်းပတ်” (China Film Week) ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၈ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဥတ္တရသီရိကုန်တိုက် J Cineplex ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျား (Ms Ma Jia) နှင့် နှစ်နိုင်ငံအစိုးရအဖွဲ့ အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံအနေ ဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် “တရုတ်တစ်နိုင်ငံတည်းမူဝါဒ”(One China Policy)ကို အခြေခံမူတစ်ခုအဖြစ် အစဉ်တ စိုက် ခိုင်ခိုင်မာမာ လက်ခံကျင့်သုံးလျက်ရှိကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။ ထို့ပြင် မန္တလေးမြို့၌ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီးနောက် တရုတ်နိုင်ငံက ယွမ် ၁.၁ ဘီလီယံ တန်ဖိုးရှိ အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အချိန် ကိုက်ပံ့ပိုးပေးခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ပညာ ရေး၊ ကျန်းမာရေး ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍများတွင်လည်း တရုတ်နိုင်ငံက ဆက်လက်ကူညီပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။
နှစ်နိုင်ငံဆက်ဆံရေးသည် ရာစုနှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့သည့် “ဆွေမျိုးပေါက်ဖော်” ဆက်ဆံရေးဖြစ်ပြီး၊ ၂၀၁၁ ခုနှစ်တွင် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအဆင့်သို့ မြှင့်တင်ခဲ့ကာ ၂၀၂၀ ပြည့်နှစ် သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ်အပြီးတွင် “အေးအတူ ပူအမျှ မျှဝေခံစားရသော အနာ ဂတ်အသိုက်အဝန်း” အဖြစ် တည်ဆောက်ရန် သဘောတူညီခဲ့ကြသည်။

ရုပ်ရှင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် တရုတ်သံရုံး ၏ ပံ့ပိုးကူညီမှုဖြင့် ရှေးဟောင်းဂန္ထဝင် မြန်မာ့ရုပ်ရှင်ကားကြီးဖြစ်သည့် “ငဘ” အပါအဝင် အမွေအနှစ်ရုပ်ရှင်များကို ဒီဂျစ်တယ်နည်းပညာသုံး Digital Cinema Package (DCP)စနစ်သို့ အောင်မြင်စွာ ပြောင်းလဲထိန်း သိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နှစ်နိုင်ငံရုပ်မြင်သံကြား ဇာတ်လမ်းတွဲများကိုလည်း အပြန်အလှန် ဘာသာပြန်ဆိုထုတ်လွှင့်လျက်ရှိရာ ယင်းကတစ် ဆင့် ပြည်သူအချင်းချင်း စစ်မှန်သော သံယော ဇဉ်နှင့် အပြန် အလှန်နားလည်မှုများ တိုးတက်လာမည်ဖြစ် သည်။

တရုတ်သံအမတ်ကြီး မစ္စ မာကျားကလည်း မြန်မာနိုင်ငံသည် တရုတ်ပြည်သစ် (New China)ကို ပထမဆုံး အသိ အမှတ်ပြုခဲ့သည့် နိုင်ငံဖြစ်ကြောင်း၊ နှစ်နိုင်ငံပူးတွဲအဆိုပြုခဲ့သည့် “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူကြီး ၅ ရပ်” သည် နိုင်ငံ တကာဆက်ဆံရေး၏ စံနှုန်းဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားငြိမ်း ချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် တည်ငြိမ်ရေးတို့ကို အစဉ်တစိုက် ပံ့ပိုးကူညီသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် သမ္မတနှင့် ဇနီး၊ တရုတ်သံအမတ်ကြီးတို့က အထိမ်းအမှတ်အဖြစ် ကမ္ပည်းမော်ကွန်း ရေးထိုးခဲ့ကြပြီး၊ တရုတ်သတင်းဌာန China Media Group (CMG)၏ မေး မြန်းမှုများကို သမ္မတက ဖြေကြားရာတွင် ရပ်ဝန်းနှင့် ပိုးလမ်းမအစီအစဉ် (BRI) အောက်ရှိ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံသည် လက်တွေ့ကျသည့် အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးနေပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံ မှု၊ နည်းပညာနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင် ရွက်မှုများကို ပိုမိုတိုးချဲ့သွားလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
Telegram»…
https://t.me/positiveanglenews
#PAN