
(နိုင်ငံတကာ) ဇွန် ၆
အမေရိကန်ပြည်ထောင်စုအပေါ် အစ္စရေးနိုင်ငံ၏ ထောက် လှမ်းရေး (သူလျှိုလုပ်ငန်း) တိုးမြှင့်ဆောင်ရွက်လာမှုအပေါ် ပင်တဂွန် (အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန) က စိုးရိမ်ပူပန်မှုများ မြင့်တက်လာပြီးနောက်၊ မကြာသေးမီကပင် အရှေ့အလယ်ပိုင်းရှိ ၎င်းတို့၏ အဓိကမဟာမိတ်နိုင်ငံထံမှ လာနိုင်သည့် တန် ပြန်ထောက်လှမ်းရေး ခြိမ်းခြောက်မှုအဆင့် (Counterintelli-gence threat level) ကို အမြင့်ဆုံးဖြစ်သော “အရေးကြီး/အန္တရာယ်ရှိ” (Critical) အဆင့်သို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း အမေရိကန်အစိုးရ သတင်းရင်းမြစ်များက ပြောကြားသည်။
ပင်တဂွန်၏ ကာကွယ်ရေးထောက်လှမ်းရေးအေဂျင်စီ (DIA) သည် အီရန်စစ်ပွဲနှင့် ပတ်သက်၍ အမေရိကန်နှင့် အစ္စ ရေးအကြား ရှေ့ဆက်မည့် မူဝါဒလမ်းစဉ်များအပေါ် တင်းမာမှုများ မြင့်တက်နေချိန်အတွင်း ယခုကဲ့သို့ လျှို့ဝှက်ဆန်းစစ်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အမေရိကန် အဆင့်မြင့်အရာရှိများ၏ အဆိုအရ ထရမ့်အစိုးရအဖွဲ့က အရှေ့အလယ်ပိုင်း ပဋိပက္ခများအပေါ် ပြည် တွင်း၌ တိုင်ပင်ဆွေးနွေးနေမှုများနှင့် ဆုံးဖြတ်ချက်ချမှတ်မည့် အခြေအနေများကို ကြိုတင်ရယူရန်အတွက် အစ္စရေးဘက်က အမေရိကန် ထိပ်တန်းအရာရှိကြီးများကို ပစ်မှတ်ထား ထောက် လှမ်းစောင့်ကြည့်ရန် အထူးကြိုးပမ်းလာခြင်းကြောင့် ပင်တဂွန်က ယခုလို သတိပေးချက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။
DIA ၏ စာမျက်နှာ ၇ မျက်နှာပါ လျှို့ဝှက်အစီရင်ခံစာတွင် အစ္စရေးနိုင်ငံသည် လူသားချင်းအခြေပြု သူလျှိုလုပ် ငန်း (Human espionage) နှင့် နည်းပညာပိုင်းဆိုင်ရာ အချက် အလက်ရယူမှု (Technical collection) တို့ကို အမေရိကန်အပေါ် လုပ်ဆောင်နိုင်စွမ်းမှာ “အန္တရာယ်ရှိအဆင့်” (Critical level) တွင် ရှိနေကြောင်း ထည့်သွင်းဖော်ပြထားပြီး၊ အမေရိကန်၏ စိုးရိမ်မှုကို မြင့်တက်စေခဲ့သည့် တိကျသော ဖြစ်စဉ်အစီအစဉ်အချို့ကိုလည်း မှတ်တမ်းတင်ထားသည်။
သို့သော် ဝါရှင်တန်ဒီစီရှိ အစ္စရေးသံရုံးနှင့် အိမ်ဖြူတော်အရာရှိအချို့ကမူ ယခုသတင်းမှာ လုံးဝမှားယွင်းကြောင်း ငြင်းဆိုထားသည်။ အစ္စရေးသံရုံးက ၎င်းတို့အနေဖြင့် မဟာ မိတ်နိုင်ငံများအပေါ် မည်သည့်အခါမျှ ထောက်လှမ်းခြင်းမပြုဘဲ ရန်သူများကိုသာ ပစ်မှတ်ထားကြောင်းနှင့် ဤစွပ်စွဲ ချက်သည် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
ဤတန်ပြန်ထောက်လှမ်းရေး သတိပေးချက်သည် သမ္မတ ဒေါ်နယ်ထရမ့်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့အကြား အီရန်စစ်ပွဲနှင့် လေဘာနွန်စစ်ဆင် ရေးများနှင့် ပတ် သက်၍ အပြင်းအထန် သဘောထားကွဲလွဲနေချိန်တွင် ထွက်ပေါ် လာခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပြုလုပ်ခဲ့သည့် တင်းမာသော ဖုန်းခေါ်ဆိုမှုတစ်ခုတွင် ထရမ့်က နေတန်ယာဟုကို “ရူးသွန်းနေသူ” ဟုပင် တရားဝင်ညွှန်းဆိုခဲ့ကြောင်း သတင်းထောက်များကို ဝန်ခံခဲ့သည်။
ပြီးခဲ့သည့် ဧပြီလအစောပိုင်းတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ကတည်းက သမ္မတထရမ့်သည် ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့သော အီရန်စစ်ပွဲကို အဆုံးသတ်ရန် သံတမန်ရေးရာ သဘောတူညီချက်တစ်ခုရရှိရေး ကြိုးပမ်းနေသော်လည်း၊ နေတန်ယာဟုကမူ အီရန်အပေါ် ဗုံးကြဲမှုများ ပြန်လည်စတင်ရန် တွန်းအားပေးနေပြီး ထရမ့်၏ လေဘာနွန် (ဟစ်ဇ်ဘိုလာ) တိုက်ခိုက်မှု လျှော့ချရေး ဖိအားပေးမှုကို ငြင်းဆန်ထားသည်။
ယခုသတ်မှတ်ချက်ကြောင့် အမေရိကန်အရာရှိများသည် အစ္စရေးသို့ သွားရောက်သည့်အခါ သို့မဟုတ် အစ္စရေးအရာရှိများနှင့် တွေ့ဆုံသည့်အခါ ထောက်လှမ်းမခံရစေရန် ပိုမိုသတိ ထား ဆောင်ရွက်ကြရမည်ဖြစ်သော် လည်း၊ နှစ်နိုင်ငံအကြား နေ့စဉ်လုပ်ဆောင်နေသည့် အဆင့်မြင့် စစ်ဘက်ထောက်လှမ်း ရေးသတင်း မျှဝေမှုများအပေါ်တွင်မူ သက်ရောက်မှုရှိမည်မဟုတ်ကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN