
(နိုင်ငံတကာ) ဇွန် ၃
ပါလက်စတိုင်း ဂါဇာဒေသတွင် အစ္စရေးက ဆင်နွှဲနေသည့် လူမျိုးတုံးသတ်ဖြတ်မှုစစ်ပွဲနှင့် ဝက်စ်ဘန့်ခ် (West Bank)ဒေသတွင်း ကျူးလွန်မှုများကြောင့် ဘယ်လ်ဂျီယမ်တက္ကသိုလ်များအနေဖြင့် အစ္စရေးနှင့် ရှိသမျှ အဖွဲ့အစည်းဆိုင်ရာ ဆက်ဆံရေးအားလုံးကို ချက်ချင်းဖြတ်တောက်ရန် ဝန်ထမ်းများ၊ ကျောင်း သားများနှင့် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ ၅,၀၀၀ နီးပါးက ပြင်း ပြင်းထန်ထန် တွန်းအားပေးတောင်းဆိုလိုက်ကြသည်။
“ပူးပေါင်းပါဝင်ပတ်သက်မှု၌ ဂုဏ်သိက္ခာမရှိ” (No Honour in Complicity)ဟု အမည်ရသည့် အိတ်ဖွင့်ပေး စာတစ်စောင်ကို ပရော်ဖက်ဆာ ၁,၁၀၀ နှင့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရ ၅၀ အပါအဝင် လက်မှတ်ရေးထိုးသူပေါင်း ၄,၇၀၀ ကျော်က အင်္ဂါ နေ့တွင် ထုတ်ပြန်ခဲ့သည်။ ၎င်းလှုပ်ရှားမှုသည် ဘယ်လ်ဂျီယမ် အဆင့်မြင့်ပညာရေးသမိုင်းတွင် အကြီးမားဆုံးသော ပညာရေးအသိုင်းအဝိုင်းဆိုင်ရာ လှုပ်ရှားမှုကြီးဖြစ်ပြီး၊ နိုင်ငံတစ်ဝန်းရှိ ပရော်ဖက်ဆာစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းကျော် ပါဝင်လာခြင်းဖြစ်သည်။
အဆိုပါအိတ်ဖွင့်ပေးစာတွင် (၁) နိုင်ငံတကာဥပဒေချိုးဖောက်နေသော အစ္စရေးအဖွဲ့အစည်း၊ ကုမ္ပဏီများနှင့် လက်ရှိပူးပေါင်းဆောင်ရွက်မှုများ အဆုံးသတ်ရန်၊ (၂) ပူးပေါင်းဆောင် ရွက်မှုအသစ်များကို ယာယီရပ်ဆိုင်းရန်၊ (၃) ဥရောပအာဏာပိုင်များ နိုင်ငံတကာဥပဒေအတိုင်း လိုက်နာလာစေရန် တက္ကသိုလ်များက ဖိအားပေးရန်နှင့် (၄) ပါလက်စတိုင်းအဆင့်မြင့်ပညာရေးကဏ္ဍကို ပညာသင်ဆုများနှင့် ကူညီရန် အဓိကတောင်းဆိုထားသည်။
ဤတောင်းဆိုချက်တွင် ကုလသမဂ္ဂအထူးအစီရင်ခံစာတင်ပြသူ ဖရန်ဆက်စကာ အယ်လ်ဘာနိစ်၊ Amnesty International အထွေထွေအတွင်းရေးမှူးချုပ် အက်ဂနက်စ် ကာလာမတ်၊ ရာသီဥတုတက်ကြွလှုပ်ရှားသူ ဂရီတာ သန်းဘတ် နှင့် နိုဘယ်လ်ဆုရစာရေးဆရာ ဂျေအမ် ကုတ်ဇီး တို့ကဲ့သို့ ကမ္ဘာကျော်ပုဂ္ဂိုလ်များလည်း ပူးပေါင်းလက်မှတ်ရေး ထိုးခဲ့ကြသည်။
အလားတူပင် ဘယ်လ်ဂျီယမ်အခြေစိုက် ဟင့်ဒ် ရာဂျပ် ဖောင်ဒေးရှင်း (HRF)ကလည်း အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမာချယ်ပရာဒေ့ရှ်ပြည်နယ်၊ မာနာလီမြို့သို့ အားလပ်ရက်ခရီး ရောက်ရှိနေသည့် အစ္စရေးစစ်တပ် အရန်တပ်ဖွဲ့ဝင် အီတန် ဂီလ်ဘိုအာ (Eitan Gilboa)ကို စစ်ရာဇဝတ်မှု ကျူး လွန်မှုဖြင့် ချက်ချင်းဖမ်းဆီးပေးရန် အိန္ဒိယရဲတပ်ဖွဲ့နှင့် နိုင်ငံ ခြားရေးဝန်ကြီးဌာနထံ တိုင်ကြားစာပေးပို့ကာ ဖိအားပေးခဲ့သည်။
ဂီလ်ဘိုအာသည် ဂါဇာဒေသရှိ ခန်ယူနစ်နှင့် ရာဖာမြို့တို့တွင် ပါလက်စတိုင်းအရပ်သားများ၏ လူနေအိမ်ခြေလုပ် ကွက်တစ်ခုလုံးကို ကလဲ့စားချေသည့်အနေဖြင့် စနစ်တကျ မိုင်းခွဲဖျက်ဆီးခဲ့ပြီး၊ အဆိုပါစစ်ရာဇဝတ်မှုများကို မိမိကိုယ် တိုင် ဗီဒီယိုရိုက်ကူးကာ လူမှုကွန်ရက်ပေါ်တွင် အောင်ပွဲခံဝါကြွားခဲ့ကြောင်း HRF က အထောက်အထားများနှင့်တကွ သက်သေပြခဲ့သည်။
HRF အထွေထွေညွှန်ကြားရေးမှူး ဒိုင်ယပ် အဘူ ဂျာဂျာ က “ဂီလ်ဘိုအာဟာ ကမ္ဘာလှည့်ခရီးသည် မဟုတ်ဘဲ စစ်ရာဇဝတ် ကောင်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် ၁၉၅၀ ဂျီနီဗာကွန်ဗင်းရှင်းအရ ၎င်းကို ချက်ချင်းဖမ်းဆီး တရားစွဲ ဆိုရန် ဥပဒေကြောင်းအရ တာဝန်ရှိကြောင်း” ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်ခဲ့သည့် အစ္စရေး ၏ တိုက်ခိုက်မှုများကြောင့် လက်ရှိအချိန်အထိ ဂါဇာတွင် ပါလက်စတိုင်းသား ၇၂,၀၀၀ ကျော် သေဆုံးကာ ၁၇၂,၀၀၀ ကျော် ဒဏ် ရာရရှိခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန၏ ကိန်း ဂဏန်းများအရ သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN