၁၄နှစ်အရွယ်မယားပါသမီးအား ပထွေးဖြစ်သူမှ သားမယားပြုကျင့်မှု အိမ်မဲတွင် ဖြစ်ပွား

(မှုခင်း) ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး ၊ အိမ်မဲမြို့နယ်၊ အင်းတမိသက္ကယ်ကျေးရွာတွင် ၁၄နှစ်အရွယ်မယားပါသမီးအား ပထွေးဖြစ်သူမှ သားမယားပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇွန်လ ၁ရက်နေ့ မွန်းတည့်ချိန်တွင် ဒေါ်မင်းမင်းထိုက် (ဘ)ဦးသန်းရွှေသည် ညီမဖြစ်သူ ဒေါ်အေးမြစိုးနှင့် မိဘများပိုင်ဆိုင်သော ခြံဝန်းအတွင်း၌ အိမ်တစ်လုံးစီဖြင့် နေထိုင်ကြောင်း၊ ညီမဖြစ်သူမှာ ယခင်အိမ်ထောင် နိုင်ဦးအောင်နှင့် သမီး မ…….. ၁၇နှစ်၊ မ………၊ ၁၄နှစ် သမီး(၂)ဦးရှိပြီး ၂၀၁၃ ခုနှစ်တွင် အိမ်မဲမြို့၊ လယ်ပေါ်ရပ်ကွက်(၁၂)လမ်းနေ ဇော်နန်းဌေး(ခ)ကုလားလေး၊ ၄၃နှစ်၊ (ဘ)ဦးတင်မောင်နှင့် ထပ်မံအိမ်ထောင်ကျခဲ့ကြောင်း၊ တူမဖြစ်သူ မ……….၁၄နှစ်၏ ဗိုက်မှာ တဖြည်းဖြည်းကြီးလာသဖြင့် မသင်္ကာ၍ အဒေါ်ဖြစ်သူမှ မ…….. အားခေါ်၍ အိမ်မဲမြို့ပြည်သူ့ ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ တူမဖြစ်သူ မ………တွင် ကိုယ်ဝန်(၅)လရှိနေကြောင်း သိရသည်။

ထို့နောက် တူမဖြစ်သူ မ…….အား မေးမြန်းရာ ၎င်း၏ ပထွေးဖြစ်သူ ဇော်နန်းဌေး(ခ) ကုလားလေးမှ ၂၀၂၅ ခုနှစ် (၁၂)လပိုင်းခန့်က မိခင်ဖြစ်သူ ဒေါ်အေးမြစိုး အပြင်သွားနေချိန်များတွင် ၎င်း၏နေအိမ် အိပ်ခန်းအတွင်း သားမယားအဖြစ်(၃)ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ ပထွေး ဖြစ်သူ ဇော်နန်းဌေးမှ မ……..အား မည်သူမှ မပြောဆိုရန် “ပြောရင်နင်ဒုက္ခရောက်မယ်”ဟု ခြိမ်းခြောက်ထားသဖြင့် မည်သူမှ မပြောဆိုခဲ့ကြောင်း တူမဖြစ်သူ၏ပြောပြချက်အရသိရသည်။

၎င်းနောက် အဒေါ်ဖြစ်သူမှ ကျေးရွာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြားကာ တူမ တော်စပ်သူ မ……အား အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်သူ ဇော်နန်းဌေး(ခ) ကုလားလေးအား ဥပဒေအရအရေးယူပေးရန် အိမ်မဲရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ရာ ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်ဆောင်ရွက်ကာ တရားခံ ဇော်နန်းဌေး(ခ)ကုလားလေးအား ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။