(မှုခင်း) မေ ၃၁
ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ် ရန်ကုန်-ပြည်သွားကားလမ်းတွင် (၆)ဘီးကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ မွန်းလွဲပိုင်းအချိန်က အုတ်ဖိုမြို့နယ်၊ ထောက်ကြန့်ကွင်းကျေးရွာရှိ ရန်ကုန်- ပြည်သွားကားလမ်း မိုင်တိုင်အမှတ် ၁၀၈/၁ တွင် (၆)ဘီးယာဥ်တစ်စီးတိမ်းမှောက်ခဲ့ရာ အမျိုးသား ၁ ဦး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုးသား ၂ဦးတွင်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးသူ၏ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရသူ(၂)ဦးတို့အား လူမှုကူညီရေးအသင်းများက အေးမြသာယာဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

#PAN