(ပြည်တွင်း) မေ ၃၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်၊ ကောင်တပ်ကျေးရွာအနီး၌ ယနေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် ပြင်းထန်သည့် ပေါက်ကွဲမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံတစ်ဦးက “အသံတော်တော်ကြီးတယ်၊ တစ်ချက်တည်းပဲ၊ မြေတုန်သွားတယ် လက်နက်စက်ရုံမှာ ယမ်းဖိုပေါက်တာလို့ပြောတယ် ” ဟု ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ TNLA ဘက်မှ ပေါက်ကွဲရသည့်အကြောင်းရင်း၊ ထိခိုက်ပျက်စီးမှုအခြေအနေများကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အသေးစိတ်အချက်အလက်များကို အတည်ပြုနိုင်ရန် ဆက်လက်လုပ်ဆောင်နေကြောင်း ပြောဆိုထားသည်။
ထို့အပြင် လူမှုကွန်ရက်များတွင် ပျံ့နှံ့နေသော သတင်းအချက်အလက်များနှင့် ဗီဒီယိုဖိုင်များကို မျှဝေခြင်းမပြုရန်လည်း TNLA မှ ပြောဆိုထားကြောင်း သိရသည်။

#PAN