
(နိုင်ငံတကာ)မေ ၃၀
ယူကရိန်းစစ်ပွဲအတွင်း နှစ်ဖက်စလုံးက အခြေခံအဆောက် အအုံများကို ပြင်းပြင်းထန်ထန် ပစ်မှတ်ထားလာကြစဉ်၊ ယူကရိန်းတပ်ဖွဲ့များသည် ရုရှားနိုင်ငံအတွင်းရှိ ဒေသအမြောက် အမြားမှ စွမ်းအင်နှင့် ရေနံဆိုင်ရာ အဆောက်အအုံများကို ညပိုင်းတွင် ဒရုန်းများဖြင့် စနစ် တကျ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံ ရော့စတော့ဗ်ဒေသ (Rostov Oblast)၊ တာဂန်ရော့ဂ် (Taganrog) ဆိပ် ကမ်းရှိ ဆီတင်သင်္ဘောတစ်စင်း၊ လောင်စာဆီကန်နှင့် စီမံခန့်ခွဲရေးအဆောက်အအုံတို့တွင် ကြီးမားသော မီးလောင်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသအုပ်ချုပ်ရေးမှူး ယူရီ ဆလီယူဆာ က အတည်ပြုခဲ့သည်။
ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များသည် ညပိုင်းတွင် ခရိုင်လေးခုအနှံ့၌ ဒရုန်းအမြောက်အမြားကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဆလီယူဆာက ဖြည့်စွက်ပြောကြားခဲ့သည်။ “ညပိုင်းမှာ ရော့စတော့ဗ်ဒေသအပေါ် လေ ကြောင်းတိုက်ခိုက်မှုကို ခုခံတွန်း လှန်စဉ်အတွင်း တာဂန်ရော့ဂ်မြို့၊ ချာ့တ်ကော့ဗ်စကီး၊ မတ်ဗေးယဲဗ်ဗို-ကုရ်ဂန်စကီးနဲ့ နက်ကလင်နော့ဗ်စကီး ခရိုင်တွေမှာ ဒရုန်း (UAV) တွေကို ဖျက်ဆီးနိုင်ခဲ့ပါတယ်” ဟု ၎င်းက RIA Novosti သို့ ပြောကြားခဲ့သည်။
ထို့အပြင် ကာရာစနိုဒါခရိုင်း (Krasnodar Krai) အာမာဗီယာရှိ ရေနံအဆောက်အအုံနှင့် ယာရိုဆလဗ်ရှိ လောင်စာဆီကန်ကြီးများလည်း မီးလောင်ကျွမ်းခဲ့ရုံမျှမက၊ ရုရှား၏ ဗော်ဂရော့ဂ် (Volgograd) ရေနံချက်စက်ရုံမှာမူ တိုက်ခိုက်မှုကြောင့် လုပ်ငန်းလည်ပတ်မှုများ လုံးဝရပ်ဆိုင်းလိုက်ရသည်။ တာဂန်ရော့ဂ်မြို့ရှိ လူနေ အိမ်တစ်လုံးပေါ်သို့ ဒရုန်းကျရောက်ခဲ့သဖြင့် အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် ရုရှားစစ်တပ်ကလည်း ဒရုန်းအစင်းရေ ၉၀ နှင့် ဘာလစ်စတစ်ဒုံးကျည် ၂ စင်းကို အသုံးပြု၍ ယူကရိန်းနိုင်ငံအတွင်းသို့ ပြင်းထန်သော တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ၎င်းတိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ ဇာပိုရီဇီးယား (Zaporizhzhia) ရှိ စွမ်းအင်ကဏ္ဍ ပျက်စီးသွားပြီး ဒေသခံ ၁၃,၀၀0 ခန့် လျှပ်စစ်မီးပြတ်တောက်မှုနှင့် ရင်ဆိုင်နေရကာ၊ ဆူမီ (Sumy) ဒေသတွင်လည်း လူနေအိမ်များနှင့် မော်တော်ယာဉ်များ အပြင်း အထန် ပျက်စီးခဲ့သည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကမူ ရုရှားသည် ယူကရိန်းအပေါ် အကြီးစားထိုးစစ်အသစ်တစ်ခု ဆင်နွှဲရန် ပြင်ဆင်နေကြောင်း ထောက်လှမ်းရေးသတင်းများ ရရှိထားသဖြင့် မိမိတို့ဘက်က အသင့်ပြင်ထားကြောင်းနှင့် မဟာ မိတ်များအနေဖြင့် Patriot ဒုံးကျည်စနစ်များ အမြန်ဆုံးပေးပို့ရန် တောင်းဆိုထား သည်။
လက်ရှိတွင် ရုရှားက ကိဗ်မြို့တော်ရှိ စစ်ဘက်အခြေခံအဆောက်အအုံများကို စနစ်တကျ တိုက်ခိုက်တော့မည်ဖြစ်၍ နိုင်ငံခြားသားများ ထွက်ခွာကြရန် သတိပေးထား သည်။ ထို့အပြင် သောကြာနေ့က ရုရှားဒရုန်းတစ်စင်းသည် နေတိုး (NATO) အဖွဲ့ဝင်ဖြစ်သည့် ရိုမေးနီးယားနိုင်ငံ အရှေ့ပိုင်းရှိ တိုက်ခန်းတစ်ခုပေါ်သို့ ပျက်ကျခဲ့ပြီး လူနှစ်ဦး ဒဏ်ရာရရှိခဲ့သဖြင့် မော်စကိုနှင့် နေတိုးအကြား စစ်ရေးတင်းမာ မှုများ ပိုမိုမြင့်တက်လာလျက် ရှိသည်။
Telegram»…
https://t.me/positiveanglenews
#PAN