လိပ်ချောင်းကျေးရွာရှိ ပြည်သူ ၅၂၉ ဦးအား ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးကုသပေး


(ကျန်းမာရေး) မေ ၂၅


ဧရာဝတီတိုင်းဒေသကြီး ဟသ်ာတမြို့နယ် လိပ်ချောင်းကျေးရွာ၌ မေ ၂၄ ရက် နံနက် ၉ နာရီအချိန်တွင် ဆေးရုံအုပ်ကြီး ဒေါဖြိုးဝေဝင်းနှင့် အထူးကုဆရာဝန်ကြီးများပါဝင်သည့် ကွင်းဆင်းဆေးကုသရေးအဖွဲမှ ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ကွင်းဆင်းဆေးကုသမှုလုပ်ငန်းများတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးဟန်၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နယ်ကော်မတီဝင်များ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။


ဆေးကုသမှုလုပ်ငန်းများအတွင်း ဒေသခံပြည်သူ စုစုပေါင်း ၅၂၉ ဦးအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ခဲ့ကြောင်း သိရပြီး ဒေသခံပြည်သူများအား ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက်၍ အစိုးရ၏ ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။