
(ပညာရေး) မေ ၂၅
မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများကို မေ ၂၅ ရက် နံနက် ၈ နာရီမှစတင်၍ အခမဲ့ကျောင်းအပ်လက်ခံမှုများ စတင်ဆောင်ရွက်နေကြောင်း သိရသည်။
နိုင်ငံတစ်ဝန်းတွင်လည်း မေ ၂၅ ရက်နေ့မှစတင်၍ ကျောင်းအပ်လက်ခံမှုများ ဆောင်ရွက်လျက်ရှိပြီး ဘီးလင်းမြို့နယ်ရှိ ကျောင်းများတွင်လည်း သက်ဆိုင်ရာကျောင်းများအလိုက် အခမဲ့ကျောင်းအပ်လက်ခံနေကြောင်း ဖော်ပြသည်။
ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအတွက် KG တန်းမှ Grade 12 အထိ အဆင့်အလိုက် ကျောင်းသုံးပစ္စည်းများကို အခမဲ့ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
KG တန်းကျောင်းသား၊ ကျောင်းသူများအတွက် ခဲတံ ၄ ချောင်းနှင့် ကျောင်းဝတ်စုံ ၁ စုံ၊ Grade 1 မှ Grade 5 အထိ ကျောင်းသား၊ ကျောင်းသူများအတွက် ခဲတံ ၄ ချောင်း၊ ဗလာစာအုပ် ၁ ဒါဇင်နှင့် ကျောင်းဝတ်စုံ ၁ စုံ၊ Grade 6 မှ Grade 12 အထိ ကျောင်းသား၊ ကျောင်းသူများအတွက် ခဲတံ ၂ ချောင်း၊ ဘောပင် ၂ ချောင်းနှင့် ဗလာစာအုပ် ၁ ဒါဇင်တို့ကို အခမဲ့ပေးအပ်လျက်ရှိကြောင်း သိရသည်။