(မှုခင်း) မေ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ထုံးဘိုကျေးရွာအုပ်စု ဒီဇင်ဘာခြံရှေ့၊မန္တလေး-လားရှိုးသွားကားလမ်းဘေးရှိ လယ်ယာသုံးစက်နှင့် စက်ပစ္စည်းအရောင်းဆိုင်တွင် မေ ၂၂ ရက်ည ၈ နာရီ ၅၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ ပြင်ဦးလွင် ခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္တိသုခလူမှုကူညီရေးအသင်း၊ ပြင်ဦးလွင်လူမှုကူညီရေးအသင်း၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်နယ်တို့မှပူးပေါင်းငြှိမ်းသတ်ခဲ့ကြရာ ည ၁၀ နာရီ ၅ မိနစ်တွင်မီးငြှိမ်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝာာဝန်ရှိသူများက စစ်ဆေးခဲ့ကြကြောင်း သိရသည်။

#PAN