
(နိုင်ငံတကာ)မေ ၂၃
အစ္စရေး-အမေရိကန်နှင့် အီရန်တို့ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် ကြားဝင်စေ့စပ်ပေးလျက်ရှိသော ပါကစ္စတန်စစ်ဦးစီးချုပ် ဖီးလ်မာရှယ် အာဆင် မူနီယာ (Field Marshal Asim Munir) သည် သောကြာနေ့တွင် အီရန်နိုင်ငံ တီဟီရန်မြို့သို့ ဒုတိယအကြိမ်မြောက် ရောက်ရှိလာခဲ့သည်။ သို့သော်လည်း အီရန်အရာရှိများကမူ သဘောတူညီချက် အမြန်ရရှိနိုင်မည့် မျှော်လင့်ချက်အပေါ် လေသံလျှော့ပြောဆိုထားကြသည်။
တီဟီရန်သို့ ရောက်ရှိလာသည့် ပါကစ္စတန်စစ်ဦးစီးချုပ်ကို အီရန်ပြည်ထဲရေးဝန်ကြီး အက်စကန်ဒါ မိုမေနီက နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ယခုခရီးစဉ်အတွင်း အီရန်-အမေရိကန် ဆွေးနွေးပွဲများ၊ ဒေသတွင်းငြိမ်းချမ်းရေးနှင့် ဟော်မုဇ်ရေလက်ကြား တည်ငြိမ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေး နွေးသွားမည်ဖြစ် ကြောင်း သိရသည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ အက်စမာအေးလ် ဘာဂါဟီကမူ ဝါရှင်တန်နှင့် တဟီရန်တို့အကြား သဘောထားကွဲလွဲမှုများသည် “နက်ရှိုင်းပြီး ကြီး မားနေဆဲ” ဖြစ်ကြောင်းနှင့် လက်ရှိဆွေးနွေးပွဲများ၏ အဓိကရည်ရွယ်ချက်မှာ စစ်ပွဲအဆုံးသတ်ရန်သာဖြစ်ပြီး နျူကလီးယားကိစ္စများကို ဆွေးနွေးခြင်းမရှိသေးကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio)က အီရန်နှင့် ဆွေးနွေးပွဲများအတွင်း “တိုးတက်မှုအနည်းငယ်” ရှိခဲ့ကြောင်း သောကြာနေ့က ပြုလုပ်သည့် နေတိုး (NATO) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ ပြောကြားခဲ့သည်။ ရူဘီယိုက ဆွေး နွေးပွဲများ၏ တိုး တက်မှုကို အလွန်အကျွံ ချဲ့ကားပြောဆိုခြင်း မပြုလိုသော်လည်း “ရွေ့လျားမှုအနည်းငယ်ရှိလာတာဟာ ကောင်းမွန်တဲ့လက္ခဏာ” ဟု ဆိုကာ ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ် ကြောင်း အတည်ပြုခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း အိမ်ဖြူတော်တွင် ပြောကြားရာ၌ အီရန်အနေဖြင့် သဘောတူညီချက်တစ်ခုရရန် အလွန်အမင်း အလိုရှိနေကြောင်း ဆိုခဲ့သော်လည်း၊ အီရန်က သဘောတူညီချက်မရယူပါက ဧပြီလကရရှိထားသည့် ယာယီအပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားနိုင်ကြောင်း ဆက်လက်ခြိမ်းခြောက်ထားသည်။
အီရန်သတင်းမြစ်များ၏အဆိုအရ စစ်မျက်နှာအားလုံးတွင် အပစ်အခတ်ရပ်စဲရေး၊ အမေရိကန်၏ ပိတ်ဆို့မှုများဖယ်ရှားရေးနှင့် ဟော်မုဇ်ရေလက်ကြား တည်ငြိမ်ရေးတို့မှာ ၎င်းတို့၏ အဓိကဦးစားပေးအချက်များဖြစ်ပြီး ယခုကြားဝင်စေ့စပ်မှုတွင် ကာတာနိုင်ငံကလည်း ပံ့ပိုးကူညီမှုကဏ္ဍမှ ပါဝင်နေကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN