ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်နှစ်ခုတွင် ယာဥ်တိုက်မှုနှင့် မီးလောင်မှုဖြစ်ပွားရာ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

(မှုခင်း) မေ ၂၂

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်နယ်နှစ်ခုတွင် ယာဥ်တိုက်မှုနှင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ နံနက်၁၀နါရီ၁၅မိနစ်အချိန်က ကျောင်းကုန်းနှင့်ဒါးကကြား မိုင်တိုင်အမှတ်(၈၂/၅)နှင့်(၈၂/၆)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် ဒါးကနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ကျောင်းကုန်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ကျား(၂)ဦး (သေဆုံး)၊ ကျား(၃)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား သစ္စာရှင်လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပုသိမ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။

မော်လမြိုင်ကျွန်းမြို့နယ်ရှိ “ရွှေမြင့်မိုရ်”စက်သုံးဆီအရောင်းဆိုင်မီးလေ-ာင်မှု ယနေ့ မေ ၂၂ ရက်နံနက် ၇ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိကျေးရွာအုပ်စု၊ အ မှတ်(၄)ရပ်ကွက်ရှိ “ရွှေမြင့်မိုရ်”စက်သုံးဆီအရောင်းဆိုင်တွင် ယနေ့ နံနက်၇နာရီအချိန်က မီးလောင်မှုဖြစ်ပွား၍ မော်ကျွန်းမြို့နယ်မီးသတ်စခန်း၊ ကျိုက်ပိနယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၇ နာရီခွဲတွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုစတင်ဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။