
ပင်လယ်နက်(Black Sea) ကောင်းကင်ယံ၌ ဗြိတိန်တော်လက်နက်မဲ့ ကင်းထောက်လေယာဉ်တစ်စီးကို ရုရှားတိုက် လေယာဉ်များက ‘အန္တရာယ်ရှိစွာ’ ကြားဖြတ်နှောင့်ယှက်ခဲ့
*********
(နိုင်ငံတကာ)မေ ၂၁
နေတိုး (NATO) အဖွဲ့၏ အရှေ့ဘက်အစွန်ခြမ်း လုံခြုံ ရေးအတွက် ပုံမှန်ကင်းလှည့်နေသည့် ဗြိတိန်တော်ဝင်လေတပ် (RAF)၏ လက်နက်မဲ့ ကင်းထောက် လေယာဉ်တစ်စီးကို ရုရှားတိုက်လေယာဉ်နှစ်စီးက “အကြိမ်ကြိမ်နှင့် အန္တရာယ်ရှိစွာ” ကြားဖြတ်နှောင့် ယှက်မှုများ ပြုလုပ်ခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ကြေညာလိုက်သည်။
အဆိုပါဖြစ်စဉ်သည် ပြီးခဲ့သည့် ဧပြီလအတွင်း ပင်လယ်နက်(Black Sea)အထက် နိုင်ငံတကာလေပိုင်နက်အတွင်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး၊ ဗြိတိန်ကာကွယ်ရေးနှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန တာဝန်ရှိသူများက ယခုအပတ်အတွင်း အဆိုပါ လေကြောင်းရန်ပြုမှုနှင့် ပတ်သက်၍ ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးသို့ တရားဝင် ပြင်းထန်စွာ ကန့်ကွက်တိုင်ကြားခဲ့သည်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၏ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်အရ ရုရှား၏ Su-35 တိုက်လေယာဉ်တစ်စီးသည် ဗြိတိန် ‘ရစ်ဗက်ဂျွိုင့်’(Rivet Joint) ကင်း ထောက်လေယာဉ် ၏ အရေးပေါ်အန္တရာယ်ကာကွယ် ရေးစနစ်များကို အချက်ပြနှိုးဆော်မိသည်အထိ အလွန်နီးကပ်စွာ ပျံသန်းလျက် အကြိမ်ကြိမ် ကြားဖြတ်မောင်းနှင်ခဲ့သည်။ ထို့ပြင် အခြားရုရှားတိုက် လေယာဉ်တစ်စီးဖြစ်သော Su-27 ကလည်း ဗြိတိန်လေယာဉ်၏ နှာခေါင်းပိုင်းနှင့် ၆ မီတာ(ပေ ၂၀ အောက်)သာကွာဝေးသော အသက်အန္တရာယ်ရှိသည့် အကွာအဝေးမှနေ၍ ၆ ကြိမ်တိုင်တိုင် ဖြတ်သန်းဝဲပျံကာ နှောင့် ယှက်ခဲ့သည်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီးလေ (John Healey)က “ဒီဖြစ်စဉ်ဟာ နိုင်ငံတကာလေပိုင်နက်ထဲမှာ ပျံသန်းနေတဲ့ လက်နက်မဲ့လေယာဉ်တစ်စီးအပေါ် ရုရှားလေသူရဲတွေရဲ့ အန္တရာယ်ရှိပြီး လက်ခံနိုင်စရာမရှိတဲ့ အပြု အမူကို ပြသလိုက်တဲ့ နောက်ထပ်သာဓကတစ်ခု ဖြစ်ပါတယ်၊ ဒီလိုလုပ်ရပ်တွေဟာ မတော်တဆမှုတွေဖြစ်ဖို့နဲ့ ပဋိပက္ခတွေ ပိုမိုကြီးထွားလာဖို့အတွက် ပြင်းထန်တဲ့ အန္တရာယ်တွေကို ဖြစ်ပေါ်စေပါတယ်” ဟု ပြင်းထန်စွာ ဝေ ဖန်ခဲ့သည်။
ယခုဖြစ်စဉ်သည် ၂၀၂၂ ခုနှစ်က ရုရှားတိုက်လေ ယာဉ်တစ်စီးက ဗြိတိန်ကင်းထောက်လေယာဉ်အနီး ဒုံးကျည်ပစ်လွှတ်ခဲ့သည့် (မော်စကိုဘက်က စနစ်ချို့ယွင်းမှုဟု ဆင်ခြေပေးခဲ့သော) ဖြစ်စဉ်ပြီးနောက် ပိုင်း ဗြိတိန်လေယာဉ်တစ်စီးအပေါ် ရုရှား၏ အန္တရာယ်အရှိဆုံး ရန်စမှုဖြစ်သည်။ ယခုစွပ်စွဲချက်အပေါ် ရုရှားဘက်ကမူ ချက်ချင်းတုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။
#BlackSeaIncident #RAFSurveillance #RussianJets #Su27Su35 #JohnHealey #UnderseaCables #NATOvsRussia #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN