မကွေးခရိုင် အမှတ် ၃မှ PDF ၁၆ဦးလက်နတ်နှင့်အတူ ထွက်ပြေး

(ပြည်တွင်း) မေ ၂၁

မကွေးခရိုင် အမှတ် ၃ PDFတပ်ရင်းမှ လက်နတ်နှင့်အတူ ထွက်ပြေးသွားသည့် PDF ၁၆ဦးအား တပ်ပြေးနှင့် တော်လှန်ရေးသစ္စာဖောက်များဖြစ်ကြောင်း ၎င်းတပ်ရင်းမှထုတ်ပြန်ထားသည်။

မေလ ၂၀ရက်တွင် မကွေးခရိုင် အမှတ် ၃ PDFတပ်ရင်းမှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တွင် အဆ်ိုပါ ထွက်ပြေးသွားသည့် PDF ၁၆ဦးသည် လုပ်ထုံးလုပ်နည်းများနှင့် အညီ တပ်မှအပြီးအပိုင်ထုတ်ပယ်ကာ တပ်ပြေးတော်လှန်ရေးသစ္စာဖောက် လောက်ကောင်များအဖြစ်သတ်မှတ်၍ အမည်ပျက်စာရင်းသွင်းထားကြောင်း ဖော်ပြထားသည်။

အဆိုပါ တပ်ရင်းမှ ထွက်ပြေးခဲ့သည့်PDF ၁၆တွင် ချောက်မြို့နယ်မှ ၁၅ဦးနှင့် ရေနံချောင်းမြို့နယ်မှ ၁ဦးဖြစ်ကြောင်း၊၎င်းတို့ ပြစ်မှုပြစ်ဒဏ်များကို ပြင်းထန်စွာထိထိရောက်​​ရောက်အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မေလ၁၈ရက်နေ့တွင်လည်း သရက်ခရိုင် PDFတပ်ရင်း ၄မှ PDF ၉ဦး နှင့် ပဲခူးတိုင်းအခြေစိုက် နဂါးနီတပ်ရင်မှ PDF ၃ဦးတို့သည် တပ်မတော်ထံအလင်းဝင်ရောက်သွားသဖြင့် ၎င်းတို့အား တော်လှန်ရေးသစ္စာဖောက် တပ်ပြေးများအဖြစ် အဆိုပါ PDFတပ်ရင်းများမှ ထုတ်ပြန်ထားကြောင်း သိရသည်။