ကျိုက်မရောမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်ရုံး ဖွင့်လှစ်

(လွှတ်တော်) မေ ၁၈

မွန်ပြည်နယ် ကျိုက်မရောမြို့ အထရံရပ်ကွက်ရှိ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ၂၀၂၆ ခုနှစ် မေလ (၁၇) ရက်နေ့ နံနက် ၁၀ နာရီအချိန်၌ ကျိုက်မရောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးသက်ထွေး၊ ဒုတိယဥက္ကဋ္ဌ ဦးမင်းအောင်မြင့်၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးမျိုးမင်းလှိုင်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကျော်သိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လင်း (ခ) ဦးထိန်လင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဋ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦး၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီကတာဝန်ရှိသူများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်ရုံး ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ အမွှေးနံ့သာရေများ ပက်ဖြန်းခြင်း၊ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းနှင့် ပါတီတွင်းတွေ့ဆုံမှုတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဆက်လက်ပြီး မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့်အဖွဲ့သည် နံနက် ၁၁ နာရီခွဲအချိန်တွင် ကျိုက်မရောမြို့ရှိ ဆုတောင်းပြည့်ဘုရားအား ဖူးမြော်ခဲ့ကြပြီး ဘုရားဝင်းအတွင်း ကျင်းပပြုလုပ်သည့် မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာမေးပွဲတွင် ပါဝင်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား ကြည့်ရှုအားပေးခဲ့ကြသည့်အပြင် ဦးစီးဆရာတော် ဦးသုမနအား ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရှိရသည်