
(နိုင်ငံတကာသတင်းဆောင်းပါး)မေ ၁၈
(နေဇင်လတ်)
Thucydides Trap (သုဇိတာထောင်ချောက်)ဆိုတာက အင်အားကြီးနေဆဲသူနဲ့ အင်အားကြီးလာသူတို့ ထိပ်တိုက်တွေ့ပြီးနှစ်ဦးလုံးပျက်စီးတာကို တင်စားတာပါ ။ ရှေးတုန်းက စပါတာတွေက အင်အားကြီး (Ruling Power)ဖြစ်ပြီး အင်အားကြီးလာတဲ့(Rising Power) အေသင်တွေကို စိုးရိမ်စိတ်ဝင်ပြီး တိုက်ခိုက်ကြတဲ့ဖြစ်ရပ်ကစတင်ခဲ့တယ်။ အဲ့ဒီနောက် ကမ္ဘာကြီးဟာ သမိုင်းတစ်လျှောက် Ruling Power vs Rising Power တွေထိပ်တိုက်တွေ့ပြီး ကမ္ဘာ့အခင်းအကျင်းသစ် New World Order တွေဖြစ်လာရပါတယ်။
အတိတ်ဖြစ်စဉ်တွေမှာ Ruling vs Rising ကာယကံ ရှင်တွေကိုယ်တိုင် ထိပ်တိုက်တွေ့တိုက်ခိုက်ခဲ့တာချည်းဖြစ်ခဲ့ပေမယ့် ၂၁ ရာစုမှာတော့ ပုံစံတစ်မျိုးကိုပြောင်း လဲသွားခဲ့တယ်။ Ruling Power ရှင် အမေရိကန်ဟာ Rising Power ရှင် တရုတ်နဲ့ လက်နက်ချင်းယှဉ်ပြိုင်ထိပ်တိုက်မတွေ့ကြတော့ပဲ ကုန်သွယ်စစ်၊ကြားခံစစ်တွေနဲ့ ကစားကွက်ဖော်လာကြတာကို သတိထားမိကြပါလိမ့်မယ်။
နှစ်နိုင်ငံလုံးက အနုမြူပိုင်ရှင်များ ဖြစ်နေကြတဲ့အတွက် လက်နက်နဲ့ ထိပ်တိုက်တွေ့ကြရင် နှစ်နိုင်ငံလုံးအလုံးစုံပျက် စီးသွားနိုင်တယ်ဆိုတာကို သတိရှိကြသူတွေချည်းဖြစ်ပါတယ်။
အားသာချက် အားနည်းချက်များ
အမေရိကန်က လက်ရှိအင်အားကြီး Ruling Power နိုင်ငံဖြစ်ပြီး တရုတ်က အင်အားကြီးလာသော Rising Power နိုင်ငံဖြစ်တယ်။ ပခုံးတန်းလာမယ့်နိုင်ငံကိုကြိုတင်တိုက်ခိုက်ရတာလည်း သဘာဝမရှောင်နိုင်သောအရာဖြစ်ပြီး အင်အားကြီးလာသူကလည်း မလွှဲမရှောင်သာ ရင်ဆိုင်ရမှာကလည်း သဘာဝသာဖြစ်နေပြန်တယ်။အမေရိကန်-တရုတ်က တစ်နိုင်ငံကို တစ်နိုင်ငံက ရှောင်မလား၊ ထိပ်တိုက်တွေ့ကြတဲ့လမ်းကို ရွေးကြမလားဆိုတဲ့မေးခွန်းမှာ တရုတ်က ရှောင်ရှားလိုဟန်ရှိပေမယ့် အမေရိကန်က ထိပ်တိုက်တွေ့ပြီး တရုတ်အင်အားကိုချည့်နဲ့သွားစေရန် ဖြိုချလိုသောလမ်း ကြောင်းကို ရွေးချယ်ထားကြောင်းတွေ့ရတယ်။ ဒါပေမဲ့ လက်နက်နဲ့ထိပ်တိုက်တွေ့ခြင်းမျိုးတော့မဟုတ်၊ စီးပွားရေးချ နဲ့ပျက်ပြားအောင် ထိပ်တိုက်တွေ့တဲ့ဗျူဟာဖြစ်ပါတယ်။
အမေရိကန်ရဲ့အားသာချက်
• စစ်အင်အားအကြီးဆုံးနိုင်ငံ
• ကမ္ဘာ့ကုန်သွယ်ရေးစနစ်ကို အမေရိကန်ဒေါ်လာနဲ့ ထိန်းချုပ်ထားနိုင်ခြင်း
• NAIO အစုအပေါင်းရဲ့ခေါင်းဆောင်
• ကမ္ဘာ့အနှံ့စစ်အခြေစိုက် စခန်းပေါင်း ၈ဝဝ ကျော်ရ
• ရေနံကို ဒေါ်လာအခြေခံနဲ့ ထိန်းချုပ်ထား
တရုတ်အားသာချက်
• တတိယစစ်အင်အားကြီးနိုင်ငံ၊ အမေရိကန်ထက်သာ
လွန်နည်း ပညာသုံးလက်နက်များ လျှို့ဝှက်ပိုင်ဆိုင်ထား
• ကမ္ဘာ့ထုတ်ကုန်အကြီးဆုံးနိုင်ငံ၊ ကုန်သွယ်မိတ်ဖက်
အများဆုံးနိုင်ငံ၊ ကုန်သွယ်၀င်ငွေအများဆုံးနိုင်ငံ။
• ရုရှား၊ အီရန်၊ မြောက်ကိုရီးယား၊ပါကစ္စတန်တို့နဲ့စစ်ရေးမဟာမိတ်။
• ကမ္ဘာ့ကုန်သွယ်ရေးကို ယွမ်ငွေနဲ့ စတင်ထိုးဖောက်လာနိုင်တယ်။ အီရန်စစ်မှာ Petro dollar Petroyuan 4. စတင်နိုင်တယ်။
• အနောက်အုပ်စု၊ အထူးသဖြင့် အမေရိကန်အက်ဆက်အများအပြားကို ထိန်းချုပ်ထားတယ်။
အမေရိကန်အားနည်းချက်
• နိုင်ငံရေးစနစ်၊ ပြန်လှန်ထိန်းကျောင်းမှုကြီးခြင်း။
• အမေရိကန်မြေပေါ်မှာ စစ်မဖြစ်ရဲခြင်း။
• ကမ္ဘာကိုထိန်းချုပ်ထားတဲ့ ဘဏ္ဍာရေးစနစ် အားနည်း
သွားခြင်း။
• မဟာမိတ်များ ယုံကြည်မှုပျက်ပြားခံရခြင်း။
တရုတ်အားနည်းချက်
• အတွင်းစည်းနိုင်ငံရေး ပါဝါလွန်ဆွဲမှု။
• အမေရိကန်လောက် သြဇာမဖြန့်ကြက်နိုင်သေးခြင်း။
• ကမ္ဘာအနှံ့စစ်စခန်းများ အင်အားကောင်းစွာမဖြန့် ကြက်နိုင်သေးခြင်း။
• ရုရှား၊အီရန်တို့ အင်အားနည်းပါးလာခြင်း။
သုဇိတာထောင်ချောက်
အမေရိကန်ဟာ နိုင်ငံနှစ်ခုရဲ့ ခြိမ်းခြောက်မှုကို တစ်ပြိုင် နက်ခံနေရတယ်။ ရုရှားက စစ်လက်နက်နည်းပညာအရ ခြိမ်းခြောက်ခြင်းနဲ့ တရုတ်က စီးပွားရေးမျက်နှာစာက ခြိမ်းခြောက်ခြင်းဖြစ်ပါတယ်။သမ္မတ Joe Biden လက် ထက်မှာ ရုရှားကိုစပြီးဖြိုတယ်။ သုဇိတာထောင်ချောက်နေရာကတော့ ယူကရိမ်းနယ်မြေမှာပါ။ မျှော်လင့်သလို ဖြစ်မလာခဲ့ဘူး။ စွမ်းအင်ဈေးနှုန်းတွေ တက်လာတော့ ရုရှားက စစ်စရိတ်ရသွားတယ်။ စစ်ပွဲ ငါးနှစ်ထဲရောက်တဲ့အထိ ဆက်ပြီးစစ်ဖြစ်နေဆဲပါ။

ထရမ့်သမ္မတဖြစ်လာတော့ တရုတ်ကို ဖြိုဖို့ကြိုး ပမ်းပြန်တယ်။ ပထမဆုံးက တိုးသာဆုတ်သာတဲ့ ကုန်သွယ်ခွန်ကစတယ်။ နောက်တော့ ကုန်သွယ်စစ်ဆီကို ဦးတည်တယ်၊ တရုတ်က မြေရှားသတ္တုနဲ့ ပြန်ကိုင်တော့ရပ်သွားတယ်။ တရုတ်ရဲ့ အဓိကအားနည်းချက်က စွမ်းအင်လိုအပ်ချက်ပါ။ ရေနံအများအပြားကို နိုင်ငံစုံက တင်သွင်းနေရတာကိုသိတဲ့ အမေရိကန်က ဗင်နီဇွဲလားကိုတိုက်ပြီး ရေနံကိုထိန်းချုပ်လိုက်တယ်။ဒီစစ်ဆင်ရေးမှာ အမေရိကန်ဘက်က ရာနှုန်းပြည့်အောင်မြင်သွားခဲ့ပါတယ်။
ပင်လယ်ကွေ့မှာ အောင်စိတ်ရသွားတဲ့ အမေရိကန်ဟာ စွန့်စားမှုရှိတဲ့ အီရန်ဘက်ကို တစ်ဆင့်တိုးလိုက်တယ်။ အီရန်မှာအနုမြူပိုင်ဖို့ကြိုးစားနေတာဖြစ်တာကြောင့်ခေါင်းစဉ်တပ်ဖို့သီးခြားစဉ်းစားစရာမလိုတော့ဘူး။ အစ္စရေးနဲ့ပူးတွဲပြီး Epic Fury ဆိုတဲ့ စစ်ဆင်ရေးကို ၂၈- ၂- ၂၆ မှာစတင်လိုက်ပါတယ်။ လေကြောင်းအင်အားကြီးတဲ့ အမေရိကန် အီရန်ကိုလျှော့တွက်ပြီး ၄ – ၅ ရက်ဟာနဲ့ စစ်ဆင်ရေးပြီးမယ်၊ အီရန်ပြိုကွဲမယ်လို့မျှော်လင့်ခဲ့တာ တက်တက်စင်လွဲချော်သွားခဲ့တယ်။ ခေါင်းဆောင်ပိုင်း ၅၀ ကျော်ကို သုတ်သင်ခဲ့ တာတောင်မှာ အီရန်စစ်တိုက်မပျက်တာ တွေ့လိုက်ရတယ်။
အီရန်စစ်နှစ်လကျော်သွားခဲ့ပါပြီ။ အီရန်လည်းအထိနာပေမဲ့ နောက်ပိုင်းမှာ ပိုကောင်းတဲ့လက်နက်တွေထုတ်သုံးလာတာကို တောင်တွေ့လာရတော့ အမေရိကန်အနေနဲ့ အကြပ်တွေ့လာရပါတော့တယ်။ အီရန်ဟာ သုဇိတာထောင်ချောက်ကြီးဖြစ်မှန်းမသိ ဖြစ်သွားခဲ့ပါပြီ။
ပတ်လည်ကထောင်ချောက်နွံတွေ
လက်နက်ချင်းမှာအီရန်ကအမေရိကန်ကို လုံးဝယှဉ်လို့မရပါ။ ဒီတော့ အီရန်က ဗျူဟာနဲ့ယှဉ်ရပါတော့တယ်။ ဒီဗျူဟာကလည်း အီရန်ရဲ့မူရင်းဗျူဟာဖြစ်နိုင်သလိုတရုတ်ကပေးတဲ့ဗျူဟာမိတ္တူလည်းဖြစ်နိုင်တာ တွေ့ရတယ်။ အမေရိကန်က အီရန်ကိုတိုက်တော့ အီရန်ကအမေရိကန်ရဲ့ မဟာ မိတ်ပင်လယ်ကွေ့ ရှစ်နိုင်ငံကို တိုက်ပြီးဧရာမစစ်ပွဲကြီးတစ်ခုကို ဖန်တီးလိုက်တယ်။ ရေနံအလျှံပယ်ရတဲ့ ငွေတွေနဲ့ အမေရိကန်စတော့မှာ ရင်းနှီးမြှုပ်နှံထားတာ ထိခိုက်ကုန်ပါတော့တယ်။
အမေရိကန်စတော့ တန်ဖိုး $ 5.5 Trillion အထိ ထိုးဆင်းသွားတယ်။ အမေရိကန်မဟာမိတ်တွေရဲ့လေကာစနစ်ကိုဖောက်ပြီး အီရန်ရဲ့ဒုံးတွေထိကုန်တယ်။ အဆိုးဆုံးခံလိုက်ရတာက ယူအေအီး၊ဆော်ဒီနဲ့ကာတာပါ။ဘဏ္ဍာရေး အချက်အချာတစ်ခုဖြစ်လာတဲ့ ယူအေအီးရဲ့ထိခိုက်မှုကအတော်ခါးသွားတာတွေ့ရတယ် စစ်ရေးမြင့်တက်လာတော့အီရန်က တစ်ဆင့်တက်ပြီး ဟော်မုဇ်ကိုပိတ်ချလိုက်တာမှာ အမေရိကန်၊ ပင်လယ်ကွေ့နိုင်ငံတွေအပြင် ကမ္ဘာကြီးပါ ကြယ်တွေလတွေမြင်သွားရတဲ့အထိပါ။
အီရန်စစ်က အလံဖြူထောင်ရတဲ့ စစ်ပွဲမျိုးမဟုတ်ပါ။ စစ်ဒဏ်ကိုဘယ်သူက ပိုပြီးကြံ့ကြံ့ခံနိုင်သလဲဆိုတာကိုစမ်းသပ်တဲ့ စစ်ပါ။ လက်တွေ့စကားနဲ့ဆိုရင် တစ်ယောက်တစ်ချက်ခေါင်းချင်း ဆိုင်ထိုးတဲ့ပွဲ။ ဘယ်သူပိုခံနိုင်မလဲလို့ အထိုးခံတဲ့ပွဲဖြစ်ပါတယ်။
အမေရိကန်က စွန့်စားမှုယူပြီး ဟော်မုခ်ကို အပြင်က ထပ်ပိတ်လိုက်ပါတယ်။ အီရန်ဘယ်လောက်ကြံ့ကြံ့ ခံနိုင်မလဲလို့စမ်းသပ်ကြည့်ခြင်းဆိုပြီး နားလည်နိုင်ပါလိမ့်မယ်။ အီရန်လည်းအတော်အထိနာ ရပါတယ်။ ဝင်ငွေတွေပြုတ်ကျသွားတယ်။ အမေရိကန်ရန်ကိုဒီတစ်ကြိမ်လျှော့ပေးလိုက်ရင်နောက်တစ်ခါ အကြိမ် ကြိမ်လာဦးမှာကို သိတဲ့အီရန်က ဒီတစ်ပွဲမှာတင် ပွဲဖြတ်ဖို့ သန္နိဋ္ဌာန်ချထားဟန်တူရဲ့။ တရုတ်ကို ကုန်းတွင်းပိုင်းက ရေနံတင်ပို့ပြီးရတာလေးနဲ့ အသက် ဆက်နေဟန်ရှိတယ်။ ပိုအထိနာစေတာက အမေရိကန်ရဲ့ကုန်းတွင်းက ပင်လယ်ကွေ့နိုင်ငံတွေ၊ သူတို့မခံနိုင်ပဲ ဖိအားပေးရင် အမေရိကန်နောက်ပြန်ဆုတ်မယ်လို့ တွက်ထားဟန်ရှိတယ်။
သုဇိတာထောင်ချောက်ကို အီရန်ရော၊ တရုတ်ကပါ ဖန် တီးယူသွားကြတယ်လို့ ကောက်ချက်ပြုနိုင်ပါလိမ့်မယ်။ အမေရိကန်အနေနဲ့အီရန်စစ်မှာ အင်အားပိုသုံးလာလေစစ်နွံနစ်လေ၊ တရုတ်ကို တိုက်ရိုက်ဒုက္ခမပေးနိုင်တော့လေ၊ ထိုင်ဝမ်ကိစ္စဘက်မလှည့်နိုင်လေဖြစ်အောင်လို့ တရုတ်ကလည်း အီရန်ကိုအစွမ်းကုန်ပံ့ပိုးပေးပြီး အမေရိကန်ကိုမရမက စစ်မြူနေတာ ထင်ရှားလာတယ်။
Project Freelom နောက်ပြန် လန်ပြန်
ပင်လယ်ကွေ့ကို ဗင်နီဇွဲလားလိုကိုင်နိုင်ရင် တရုတ်ပက် လက်လန်မယ်လို့ တရားသေတွက်ထားတာ တက် တက်စင်လွဲပြန်ပါတယ်။ တရုတ်က အီရန်ရဲ့ ရေနံကိုကုန်းတွင်းပိုင်းကရနေတာရယ်၊ 1991 Gulf War 2003 Iraq War တွေက သင်ခန်းစာကိုယူပြီး တရုတ်ကမ်းရိုး တန်းတစ်လျှောက် မြေအောက်တွေမှာ ရေနံတွေကို ကြိုတင်သိုလှောင်ထားတာ 1.3Billion Barrel ရှိထားလို့ စိတ်ပူစရာမရှိတာကို မသိကြပါဘူး။
အမေရိကန်ဟာ ဟော်မုဇ်ကို အပြင်ကသာ ပိတ်ဆို့နိုင်တယ်။ စွန့်စားမှုထပ်ယူပြီး Project Freedom နဲ့ပိတ်မိနေတဲ့နိုင်ငံစုံက သင်္ဘောတွေကိုသူရဲကောင်းဆန်ဆန် အတွင်းပိုင်းအထိဝင်မယ်လို့ ကြေညာလိုက်တဲ့အချိန်မှာ အီရန်က ယူအေအီးရဲ့အဓိကကျတဲ့ ဆိပ် ကမ်းနဲ့ဆီသိုလှောင်ကန်ကြီးတွေကိုတိုက်ခိုက်ပြလိုက်တယ်။လေကာစနစ်တွေကိုဖောက်ထွင်းပြီးထိမှန်ကုန်ကြတာပါ။ အမေရိကန်စစ်သင်္ဘောကိုလည်း အီရန်ရဲ့ဒုံးကျည်နှစ်စီးထိမှန်သွားတယ်လို့သတင်းတွေ တက်လာပါတယ်။ အရာရာဟာ အမေရိကန်ဘက်က မျှော် လင့်တွက်ချက်ထားသလို ဖြစ်မလာခဲ့ပါဘူး။ အီရန်ရဲ့တိုက်ခိုက်ရေးမော်တော်ဘုတ်ခုနှစ်စီးကိုတော့ အမေရိကန် စစ်ရေယာဉ်တွေက နစ်မြှုပ်လိုက်နိုင်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာစစ်ဝန်ကြီး Petelegset က ရှင်းပြသွားတယ်။
အလွန်ထူးဆန်းသွားတာက Project Freedom က အမေရိကန်ဘက်က စတင်တော့မယ်လို့ ကြေညာပြီးနှစ်ရက်အကြာမှာ ထရမ့် Project Freedom ကို ရပ် တန့်လိုပြီလို့ ရုတ်တရက်ကြေညာလိုက်တာပါပဲ။ ဘာကြောင့်ပါလဲဆိုတဲ့မေးခွန်းတွေ တန်းစီထွက်လာပါတော့တယ်။ အီရန်ဘက်ကသုံးလိုက်တဲ့ လက်နက်တွေက အရင်ထက်ပိုထိရောက်နေလို့လား ဒါမှမဟုတ် အမေရိကန်အနေနဲ့ရှေ့ဆက်တိုးရင် သုဇိတာ ထောင် ချောက်ထဲက မထွက်နိုင်တော့ဘူးဆိုတာကို သိလိုက်လို့လား စဉ်းစားစရာတွေအများကြီးဖြစ်လာပါတော့တယ်။
တစ်ဆင့်မြင့်ကစားကွက်
စစ်တုရင်ကစားရာမှာ တစ်ဖက်နဲ့ တစ်ဖက် ပါဝါတူ၊ ကစားကောင်တူတွေသာဖြစ်ပါတယ်။ ကစားကွက်ပေါ်မှာမူတည်ပြီး အရှုံးအနိုင်ဆိုတာဖြစ်လာတယ်။အခြေခံဥပဒေ သကတော့ တစ်ဖက်ရဲ့လှုပ်ရှားမှုကို ထိန်းချုပ်ပြီး ပါဝါလျော့အောင်လုပ်၊ ကိုယ့်အရုပ်တွေကို လှုပ် ရှားနိုင်စွမ်းရှိအောင်ဖွင့်ပြီးပါဝါ မြှင့်တာပါ။ တစ်ဖက်ရဲ့အငိုက်ကိုယူပြီး ထောင်ချောက်ဆင်တာလည်း ပါသပေါ့။

အီရန်စစ်ကို အမေရိကန်က စခဲ့တာပါ။ ၂၀၂၅ တုန်းကလို ဗုံးကြဲပြီးပြန်မဆုတ်ပဲ ရှေ့တိုးလာတာဟာ တရုတ်ရဲ့ အကြိုက်ဖြစ်သွားစေပါတယ်။အမေရိကန်ကို ရှေ့မတိုးတိုးအောင်အီရန်နဲ့စစ်မြှုလိုက်ရင် သုဇိတာထောင် ချောက်ထဲ ထီးထီးကြီးကျသွားမှာက အမေရိကန်တစ်ဦးတည်းသာဖြစ်သွားပါလိမ့်မယ်။
#IranWar #Thucydides Trap #Project Freedom #Ruling Power&Rising Power #Internationalarticle #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN