ရန်ကုန်မြို့တွင် နာရီဝက်အတွင်း ယာဥ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွား

(မှုခင်း) မေ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် နာရီဝက်အတွင်း ယာဥ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

သာကေတမြို့နယ်၊ (၁၀)/တောင်ရပ်ကွက်၊ သန်လျင်-ချင်းကပ်လမ်းတွင် ယနေ့နံနက်၁နာရီအချိန်က ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် ဗိုလ်တထောင်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သာကေတမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတယ်ယာဉ်(၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)အား သော်သာအရန်မီးသတ်အထောက်အကူပြုယာဉ်မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

မေ ၁၅ ရက်နေ့၊ ည၁၁နာရီ ၅၁မိနစ် အချိန်ခန့်၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်း၊ မင်္ဂလာဒုံခြံရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ)အား သွေးပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်မြို့နယ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#PAN