
(နိုင်ငံတကာ)မေ ၁၄
အမေရိကန် အထက်လွှတ်တော်တွင် သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် လွှတ်တော်၏ ခွင့်ပြုချက်မရဘဲ အီရန်နိုင်ငံအပေါ် စစ်ရေးအရ အရေးယူနိုင်သည့် လုပ် ပိုင်ခွင့်ကို ကန့် သတ်ရန် တင်သွင်းသည့် ဥပဒေကြမ်းမှာ ဗုဒ္ဓဟူးနေ့က ပြု လုပ်သော မဲခွဲမှုတွင် ရှုံးနိမ့်သွားခဲ့သည်။ သို့သော်လည်း ထရန့်၏ ရီပတ်ဘလီကန်ပါတီအတွင်းမှ အမတ်အချို့သည် ၎င်းတို့ပါတီ၏ သဘော ထားကို ကျော်လွန်၍ ဥပဒေကြမ်းကို ထောက်ခံခဲ့ကြသည်။
အဆိုပါ မဲခွဲမှုတွင် ဥပဒေကြမ်းမှာ ၅၀ မဲ – ၄၉ မဲဖြင့် အတည်မပြုနိုင်ဘဲ ရှုံးနိမ့်ခဲ့သော်လည်း၊ ယင်းမှာ ထရန့်၏ ရီပတ်ဘလီကန်ပါတီအတွင်း စစ်ပွဲအပေါ် ထောက်ခံမှုများ လျော့ပါးလာနေသည့် လက္ခဏာဖြစ် သည်ဟု ဆိုနိုင်သည်။ ဤဥပဒေကြမ်းမှာ စစ်ပွဲစတင်ချိန်မှစ၍ ၇ ကြိမ်မြောက် မဲခွဲမှုဖြစ်ပြီး ယခုတစ်ကြိမ်သည် ထောက်ခံမှု အမြင့်ဆုံးရရှိခဲ့ခြင်း ဖြစ်သည်။
အစ္စရေးလိုလားသူ ဒီမိုကရက်တစ် အမတ် ဂျွန်ဖက်တာမန်း(John Fetterman)ကမူ ၎င်း၏ပါတီနှင့် ဆန့် ကျင်ဘက်ဖြစ်သော ရီပတ်ဘလီကန်များဘက်မှ ရပ် တည်မဲပေးခဲ့သဖြင့် ထရန့်၏ပါတီက ဥပဒေကြမ်းကို တစ်ဦးတည်းနှင့် ပိတ်ဆို့နိုင်ခဲ့ခြင်း ဖြစ်သည်။
ရီပတ်ဘလီကန်အမတ် လီဆာမာကောစကီး (Lisa Murkowski)သည် ယခုစစ်ပွဲကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပါတီမူဝါဒကို ကျော်လွန်၍ ကန့်သတ်ရေးဘက်မှ မဲပေးခဲ့သည်။ အလားတူ ဆူဇန်ကောလင်း (Susan Collins)နှင့် ရန်းပေါလ်(Rand Paul)တို့ကလည်း ထောက် ခံမဲပေးခဲ့ကြသည်။
အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ကြေ ညာနိုင်သည့် အာဏာမှာ လွှတ်တော်၌သာ ရှိသော် လည်း ထရန့်သည် အီရန်ကို တိုက်ခိုက်ရန်အတွက် လွှတ်တော်၏ ခွင့်ပြု ချက်ကို တစ်ကြိမ်တစ်ခါမျှ တောင်းခံခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ဒီမိုကရက်များက ၁၉၇၃ ခုနှစ် စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်များ အက်ဥပဒေ (War Powers Resolution) ကို အသုံးပြု၍ သမ္မတ၏ အာဏာကို ကန့်သတ်ရန် အစဉ်တစိုက် ကြိုးပမ်းနေခြင်း ဖြစ်သည်။
လက်ရှိတွင် အမေရိကန်ပြည်သူများမှာ စစ်ပွဲကြောင့် စွမ်းအင်စျေးနှုန်း မြင့်တက်လာမှုကို ရင်ဆိုင်နေရသည်။ အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်က ဟော်မုဇ်ရေလက် ကြားကို ပိတ်ဆို့ထားသောကြောင့် ရေနံစျေးနှုန်းများ ထိုးတက်သွားခဲ့သည်။ စစ်ပွဲမတိုင်မီက တစ်ဂါလန်လျှင် ၃ ဒေါ်လာအောက်သာ ရှိခဲ့သော ဓာတ်ဆီစျေးမှာ ယခုအခါ ၄.၅၀ ဒေါ်လာ (တစ်လီတာလျှင် ၁.၁၈ ဒေါ်လာ)ကျော်အထိ မြင့်တက်သွားခဲ့ပြီး ငွေကြေး ဖောင်းပွမှုကိုလည်း ဖြစ်ပေါ်စေခဲ့သည်။
သမ္မတထရန့်ကမူ တရုတ်နိုင်ငံသို့ မထွက်ခွာမီ သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် အီရန်နှင့် စစ်ပွဲရပ်စဲရေး ဆွေးနွေးရာ၌ အမေရိကန်ပြည်သူများ၏ ဘဏ္ဍာရေး အခြေအနေကို ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း၊ ၎င်းအတွက် အရေးကြီးဆုံးမှာ အီရန်အနေဖြင့် နျူကလီးယားလက်နက် မပိုင် ဆိုင်ရေးသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အီရန်ဘက်ကမူ ၎င်းတို့အနေဖြင့် နျူကလီးယားလက် နက် ထုတ်လုပ်ရန် ကြိုးပမ်းခြင်း မရှိကြောင်း အစဉ်တစိုက် ငြင်းဆိုထားပြီး၊ ထရန့် ခန့်အပ်ထားသည့် ထောက်လှမ်းရေးဆိုင်ရာ အကြီးအကဲ တူးလ်ဆီ ဂါးဘတ်(Tulsi Gabbard) ကလည်း အီရန်သည် နျူက လီးယားလက်နက် တည် ဆောက်နေခြင်း မရှိကြောင်း ပြီးခဲ့သည့်နှစ်က လွှတ်တော်သို့ တင်ပြခဲ့ဖူးသည်။
#USPolitics #Trump #IranWar #Senate #WarPowers #EconomicCrisis #BreakingNews #PositiveAngleNews #WashingtonDC
Telegram»…
https://t.me/positiveanglenews
#PAN