ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် အွန်လိုင်းငွေလိမ်ဂိုဏ်းဝင် တရုတ်နိုင်ငံသား ၉၀ ဦးနှင့် လောင်းကစားပစ္စည်းများ ဖမ်းဆီးရမိ

(ပြည်တွင်း)မေ ၁၄

     ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းငွေလိမ်လည်မှုနှင့် လောင်း ကစားလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံသား ၉၀ ဦးကို သက်ဆိုင်ရာပစ္စည်းများနှင့်အတူ မေလ ၁၂ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။

     သတင်းပေးချက်အရ ပူးပေါင်းအဖွဲ့သည် မေလ ၁၂ ရက်နေ့ ညနေပိုင်းတွင် မက်မန်းမြို့၏ အနောက် တောင်ဘက် ၅၅ ကီလိုမီတာခန့်အကွာသို့ သွားရောက်စစ်ဆေးခဲ့ရာ အွန်လိုင်းလောင်းကစားလုပ်ငန်းတွင် အသုံးပြုသည့် လူနေတဲများ၊ ထမင်းစားဆောင်များနှင့် ဆေးဝါးသိုလှောင်ရုံများအပါအဝင် အဆောက် အအုံများစွာကို တွေ့ရှိခဲ့သည်။

     ၎င်းနေရာမှ All-in-one ကွန်ပျူတာ ၄၀ လုံး၊ Laptop ၇ လုံး၊ Starlink စက် ၈ ခု၊ Wi-Fi စက် ၁၀ ခုနှင့် Power Station များ၊ ဆိုလာပြား ၉ ပြား၊ မီးစက် ၈ လုံးနှင့် ဒိုင်နမို ၂ လုံး၊ လူနေအဆောက်အအုံများနှင့် တဲများစွာ၊ ရေခဲ သေတ္တာနှင့် ရေခဲသေတ္တာအကြီး ၅ လုံး၊ ဆိုင်ကယ် ၂ စီး တို့ကို သိမ်းဆည်းရမိခဲ့သည်။

   မေလ ၁၃ ရက်နေ့ (မနေ့က) နံနက်ပိုင်းတွင် မက်မန်းမြို့ အနောက်တောင်ဘက် ၅၀ ကီလိုမီတာခန့်အကွာ သံလွင်မြစ်အနီး၌ ထွက်ပြေးတိမ်းရှောင်နေသည့် တရုတ်နိုင်ငံသားများကို အဖွဲ့လေးဖွဲ့ခွဲ၍ စုစု ပေါင်း ၇၅ ဦးကို ဦးစွာဖမ်းမိခဲ့သည်။ ညနေ ၅ နာရီခန့်တွင် နောက်ထပ် ၁၅ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ၉၀ ဦး ဖြစ်လာသည်။

   ၎င်းတို့ ပုန်းအောင်းရာနေရာများမှ ဆန်အိတ် ၁၀၀၊ Starlink စက် ၂ ခု၊ မီးစက် ၅ လုံး၊ ရေခဲသေတ္တာအကြီး ၃ လုံး၊ ဂက်စ်အိုး ၂၀ နှင့် အခြားအသုံးအဆောင်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။ ထို့ပြင် ရေစစ်စက် (Water Purification Machine) နှင့် ဆီပီပါများပါဝင်သည့် အမျိုးသား/အမျိုးသမီး အိပ်ဆောင်များကိုလည်း တွေ့ရှိသိမ်းဆည်းခဲ့သည်။

     သိမ်းဆည်းရမိသည့် ပစ္စည်းများကို လုပ်ထုံးလုပ် နည်းနှင့်အညီ စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဖမ်း ဆီးရမိသူများကို ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

​#ကျားဖြန့် #OnlineScam #ShanState #BorderCrime #Starlink #BreakingNews #PositiveAngleNews #MyanmarPolice #CrimeNews

Telegram»…
https://t.me/positiveanglenews

#PAN