
(မှုခင်း) မေ ၁၁
ပြီးခဲ့သည့် မေ ၈ ရက်နေ့ တစ်နေ့တည်းတွင် မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားမှုများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ပေါင်မြို့နယ် ကျုံဟော်ကျေးရွာရှိ နေအိမ်တစ်လုံးတွင် နှစ်လုံး၊ သုံးလုံးထီ လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဒေါ်ယုယုခိုင်(ခ)ယုခိုင်အား လောင်းကစားဆိုင်ရာ ဆက်စပ်ပစ္စည်းများနှင့် လောင်းကြေးငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဇင်းကျိုက်နယ်မြေရဲစခန်းတွင် လောင်းကစားဥပဒေအရ အမှုဖွင့်အရေးယူထားသည်။
ထို့နောက် မွန်းလွဲ ၁၂ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် အမှတ် (၄) ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် နှစ်လုံးထီ လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးခဲ့ရာ မနန်းထွေးနှင့်အတူ လူလေးဦးကို လောင်းကစားဆိုင်ရာ ဆက်စပ်ပစ္စည်းများနှင့် လောင်းကြေးငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ပခုက္ကူမြို့မရဲစခန်းတွင် လောင်းကစားဥပဒေအရ အမှုဖွင့်အရေးယူထားသည်။
ထို့အပြင် မွန်းလွဲ ၂ နာရီခွဲတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် အောက်စုကျေးရွာရှိ နေအိမ်တစ်လုံးတွင် နှစ်လုံး၊ သုံးလုံးထီ လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးခဲ့ရာ ဒေါ်ချိုမာဝင်း(ခ)မချိုအား လောင်းကစားဆိုင်ရာ ဆက်စပ်ပစ္စည်းများနှင့် လောင်းကြေးငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ညောင်တုန်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်းများတွင် လောင်းကစားဥပဒေ ပုဒ်မများဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PAN