လောပိတ သဲချောင်းအတွင်း လူ(၃)ဦး ရေနစ်သေဆုံး

(မှုခင်း) မေ ၁၁

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်)ကျေးရွာရှိ သဲချောင်းအတွင်း လူ(၃)ဦး ရေနစ်နေကြောင်း မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရသည်။

ယမန်နေ့ မေလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သွားရောက်ရှာဖွေကယ်ဆယ်မှုများ ဆောင်ရွက်ခဲ့ရာ ရေနစ်သေဆုံးနေသည့် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦးတို့ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ရေနစ်သေဆုံးသည့်နေရာသို့ လွိုင်ကော်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် အခင်းဖြစ်နေရာသို့ အမြန်ဆုံး သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်တွင် ရေနစ်သေဆုံးနေသည့် ကျား(၂)ဦး(သေဆုံး)နှင့် မ(၁)ဦး(သေဆုံး) တို့ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ရွှေညောင်ပင်နာရေးကူညီမှုအသင်းယာဉ်ဖြင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#PAN