
(နိုင်ငံတကာ)မေ ၁၁
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) သည် ပြစ်ဒဏ်တစ်နှစ်အနက် ကျန်ရှိနေသည့် လေးလကို ခံဝန်ဖြင့် နေအိမ်တွင် ဖြတ်သန်းခွင့်ရရှိခဲ့ပြီးနောက် တနင်္လာနေ့တွင် ဘန် ကောက်မြို့ရှိ ကလောင်ပရင်(Klong Prem) ဗဟိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။
သက်ဆင်သည် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် အကျဉ်းထောင်ရှေ့၌ မိသားစုဝင်များနှင့် ပြန်လည်ဆုံတွေ့ခဲ့ပြီး လူထုရှေ့သို့ ပထမဆုံးအကြိမ် ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် ခံဝန်ဖြင့် လွတ် မြောက်ခွင့်ရရန် လိုအပ်သော ပြစ်ဒဏ်ကာလ သုံးပုံနှစ်ပုံကို ကျခံပြီးနောက် ယခု ကဲ့သို့ ပြန်လည်လွတ် မြောက်လာခြင်းဖြစ်သည်။
၎င်းနှင့် မိသားစုဝင်များသည် ထိုင်းနိုင်ငံတော်အလံကို အလေးပြုခြင်း၊ ထောက်ခံသူများကို ကျေးဇူးတင်စကား ပြောကြားခြင်းများ ပြုလုပ်ခဲ့ပြီးနောက် နံနက် ၇ နာရီ ၅၅ မိနစ်တွင် မော်တော်ယာဉ်ဖြင့် ထွက်ခွာသွားခဲ့သည်။ အကျဉ်းထောင်ရှေ့တွင် စောင့်ဆိုင်းနေကြသည့် အနီရောင်ဝတ်စုံဝတ် ထောက်ခံသူများကလည်း ၎င်းအား လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။
ထိုင်းအကျဉ်းဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သက်ဆင်သည် အသက် ၇၀ ကျော်ပြီးဖြစ်ခြင်းနှင့် ကျန်ရှိသည့် ပြစ် ဒဏ်ကာလမှာ တစ်နှစ်အောက်သာ ရှိတော့ခြင်းတို့ကြောင့် ပြီးခဲ့သည့်လက ခံဝန်ဖြင့် လွှတ်ပေးရန် ဆုံးဖြတ်ခဲ့သည့် အကျဉ်းသား ၈၅၀ ကျော်ထဲတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

သက်ဆင်အနေဖြင့် ခံဝန်ကာလအတွင်း တင်းကျပ်သည့် စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်သည်။ ယင်းတို့တွင် အီလက်ထရောနစ် ခြေချုပ်ကိရိယာ(EM) ဝတ်ဆင်ထားရခြင်း၊ သတ်မှတ်ထားသည့် အာဏာပိုင်များထံ အချိန် မှန် အစီရင်ခံရခြင်းနှင့် ပြစ်ဒဏ်ကာလ တရားဝင်ကုန်ဆုံးမည့် စက်တင်ဘာလ ၉ ရက်နေ့မတိုင်မီအထိ ပြည်ပသို့ ထွက်ခွာခွင့်မပြုခြင်းတို့ ပါဝင်ကြောင်း သိရသည်။
အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်သော သက်ဆင်သည် အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံ၏ ဝန် ကြီးချုပ်အဖြစ် ၂၀၀၁ ခုနှစ်နှင့် ၂၀၀၅ ခုနှစ် ရွေးကောက်ပွဲများတွင် အနိုင်ရရှိကာ နှစ်ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် စစ်တပ်က အာဏာ သိမ်းခဲ့သဖြင့် သူ၏ ဒုတိယမြောက်သက်တမ်းမှာ ရပ်တန့်ခဲ့ရပြီး ၂၀၀၈ ခုနှစ်တွင် မိမိသဘောဆန္ဒအလျောက် ပြည်ပသို့ တိမ်းရှောင်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ထိုင်းနိုင်ငံသို့ ပြန် လည်ရောက်ရှိလာချိန်၌ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ်က လုပ်ဆောင်ချက်များနှင့် ပတ်သက်သည့် စွဲချက်သုံးခုဖြင့် ထောင်ဒဏ် ၈ နှစ် ကျခံရန် ထိန်းသိမ်းခြင်းခံခဲ့ရသည်။
အကျဉ်းထောင်အတွင်း တစ်ရက်မပြည့်မီအချိန် ၌ပင် စိုးရိမ်ရသည့် ကျန်းမာရေးအခြေအနေကြောင့်ဟုဆိုကာ ဘန်ကောက်အကျဉ်းထောင်မှ ရဲဆေးရုံသို့ ပြောင်းရွှေ့ခဲ့ရသည်။ ထို့နောက် တော်ဝင်လွတ်ငြိမ်း ချမ်းသာခွင့် လျှောက် ထားမှုကြောင့် သူ၏ပြစ်ဒဏ်မှာ တစ်နှစ်သို့ လျှော့ပေါ့ခြင်းခံခဲ့ရသည်။
သို့သော်လည်း ဆေးရုံတွင် ခြောက်လကြာ ဆေးကုသမှုခံယူခဲ့သည့်ကာလမှာ ပြစ်ဒဏ်ကျခံရက်အတွင်း ထည့်သွင်းတွက်ချက်ရန် တရားမဝင်ကြောင်း တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် သက်ဆင်မှာ အကျဉ်း ထောင်သို့ ပြန်လည်ဝင်ရောက်ခဲ့ရသည်။
ယင်းအပြင် ၂၀၁၅ ခုနှစ်က နိုင်ငံခြားမီဒီယာတစ်ခုနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည့် မှတ်ချက်များအပေါ် အောက်ခြေတရားရုံးက အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့မှုကို ရှေ့နေချုပ်တို့ဘက်က အယူခံဝင်ခဲ့သဖြင့် ဝန်ကြီးချုပ်ဟောင်းသက်ဆင်သည် သီးခြားဖြစ်သော ဘုရင်ကိုအသရေဖျက်မှုအမှုနှင့်လည်း ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။
#Thaksin #ThailandPolitics #ThaksinReleased #Bangkok #Shinawatra #BreakingNews #PositiveAngleNews #ThaiNews #Parole #KlongPremPrison
Telegram»…
https://t.me/positiveanglenews
#PAN