(ပြည်တွင်း) မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်တွင် ယနေ့ နံနက် 8:30 နာရီအချိန်၌ သဲဖြူကျေးရွာအုပ်စု၊ သဲဖြူကျေးရွာ၊ ကွင်းအမှတ် (၆၇၉) ဦးပိုင်အမှတ် (၁/၃) ရှိ တောင်သူ ဦးဖြူဝင်း၏ လယ်မြေ (၃) ဧကတွင် တောင်သူနည်းပညာပြန့်ပွားရေးဟောပြောပွဲ၊ ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဇင်၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပုသိမ်ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်မော်လွင်၊ နည်းပညာရှင် ဒေါက်တာခင်လဲ့ဦး၊ မြို့နယ်စိုက်ပျိုးရေးတိုးမြှင့်ကော်မတီဥက္ကဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးမြင့်လွင်၊ မြေစာရင်းဒုဦးစီးမှူး ဦးကျော်ကျော်ဦး၊ ရပ်ကျေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် စပါးခွံမှ ဘိုင်အိုချာ (Biochar) ပြုလုပ်သည့် နည်းပညာများကို ရှင်းလင်းဟောပြောပြသခဲ့ပြီး တောင်သူများအတွက် မျိုးစေ့များကို ပေးအပ်ကာ လက်တွေ့ကြဲပက်စိုက်ပျိုးမှုများလည်း ဆောင်ရွက်ခဲ့ကြသည်။ဆက်လက်၍ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် သာပေါင်းမြို့နယ် ရုံးပင်ကျေးရွာအုပ်စု မဒေါ့ကုန်းကျေးရွာ၌ ရေအရင်းအမြစ်ဦးစီးဌာနမှ ပေါ်ဆန်းစပါး (၅၀၀) ဧကအတွက် ဆိုလာရေတင်စနစ်ဖြင့် ရေပေးဝေရေးစီမံကိန်း (Survey) ဆောင်ရွက်ရန် ရှင်းလင်းဆွေးနွေးမှုကိုလည်း ကျင်းပခဲ့သည်။
ထိုဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင် ဦးကျော်တိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဇင်၊ ပုသိမ်ခရိုင် ရေအရင်းအမြစ်ဦးစီးဌာနမှ ဦးဝေလွင်နှင့် တာဝန်ရှိသူများ၊ ဆည်မြောင်းဦးစီးမှူး ဦးဇော်ဇော်အောင်၊ မြေစာရင်းဦးစီးဌာန ဒုဦးစီးမှူး ဦးကျော်ကျော်ဦး၊ ရပ်ကျေးမှူးများနှင့် တောင်သူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
#PAN