
(နိုင်ငံတကာ)မေ ၁၀
ရုရှားသမ္မတ ဗလာဒီမာပူတင်က လေးနှစ်ကျော် ကြာမြင့်နေခဲ့သည့် ယူကရိန်းစစ်ပွဲသည် ယခုအခါ “အဆုံးသတ်ရန် နီးကပ်နေပြီ” ဖြစ်ကြောင်း စနေနေ့တွင် ပထမဆုံးအကြိမ် အရိပ်အမြွက် ထုတ်ဖော်ပြောကြားလိုက်သည်။ ဤမှတ် ချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ကြားဝင်စေ့စပ်မှုဖြင့် ရုရှားနှင့် ယူကရိန်းတို့အကြား သုံးရက်ကြာ အပစ်ရပ်စဲရေးနှင့် အကျဉ်းသားလဲလှယ်ရေး လုပ်ဆောင်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
မော်စကိုမြို့ ရင်ပြင်နီတွင် ကျင်းပသည့် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့(Victory Day) အခမ်းအနားအပြီးတွင် ပူတင်က သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။ “အောင်ပွဲဟာ အမြဲတမ်း ငါတို့အပိုင်ဖြစ်ခဲ့သလို၊ အခုလည်း ငါတို့အပိုင်ပဲ ဖြစ်လိမ့်မယ်” ဟု ရှေ့တန်းမှ ရုရှားတပ်ဖွဲ့ဝင်များကို ချီးကျူးခဲ့သော် လည်း၊ တစ်ဖက်တွင်မူ “ဒီကိစ္စ (စစ်ပွဲ)ဟာ အဆုံးသတ်ဖို့ နီးကပ်လာနေပြီလို့ ကျွန်တော် ထင်ပါတယ်” ဟု ဆိုကာ စစ်ပွဲအဆုံးသတ်လိုသည့် အရိပ် အယောင်ကို ပြသခဲ့သည်။
စစ်ပွဲဖြစ်ပွားရခြင်းမှာ ဘာလင်တံတိုင်းပြိုလဲပြီးနောက် နေတိုးအဖွဲ့ကို အရှေ့ဘက်သို့ တိုးချဲ့မည်မဟုတ်ဟု ကတိပေးခဲ့သော်လည်း ယူကရိန်းအား ဥရောပသမဂ္ဂ၏ ဩဇာခံဖြစ်အောင် လုပ်ဆောင်ခဲ့သည့် အနောက်အုပ်စုမှ “ကမ္ဘာလုံးဆိုင်ရာ အထက်တန်းလွှာများ” ကြောင့်ဖြစ်သည်ဟု ပူတင်က ပြစ်တင်ပြောဆိုခဲ့သည်။ ထို့နောက် ၎င်းက “ဒီကိစ္စဟာ အဆုံးသတ်ဖို့ နီးကပ်လာနေပြီလို့ ကျွန်တော် ထင်ပါတယ်” ဟု ကြေ ညာခဲ့သည်။
ပူတင်က ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် တတိယနိုင်ငံတစ်ခုတွင် တွေ့ဆုံရန် အသင့်ရှိကြောင်း ပြောကြားခဲ့သော် လည်း အခြေအနေတစ်ရပ်ကို တောင်းဆိုခဲ့သည်။ ယင်းမှာ အဆိုပါတွေ့ဆုံမှုသည် ဆွေးနွေးပွဲအဆင့် မဟုတ်ဘဲ ရေရှည်ငြိမ်းချမ်းရေးစာချုပ်ကို “အပြီးသတ်အတည်ပြုရန်” အတွက်သာ ဖြစ်ရမည်ဟု ဆိုသည်။ “ဒါဟာ နောက်ဆုံးသဘောတူညီချက် ဖြစ်ရပါမယ်၊ ဆွေးနွေးပွဲအဆင့် မဟုတ်ရပါဘူး” ဟု ပူတင်က ပြတ်သားစွာ ပြောဆိုခဲ့သည်။
ဥရောပနှင့် ရုရှားအကြား အနာဂတ် လုံခြုံရေးဆိုင် ရာ ကိစ္စရပ်များကို ဆွေးနွေးရန် အလားအလာရှိသလားဟု မေးမြန်းရာတွင် ပူတင်က ၎င်းအနေဖြင့် ဂျာမနီအဓိပတိဟောင်း ဂါဟတ် ရှရိုဒါ (Gerhard Schroder) နှင့် ဆွေး နွေးရန်ကို ပိုမိုနှစ်သက်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏ Truth Social မှတစ်ဆင့် ရုရှားနှင့် ယူကရိန်းတို့အကြား စနေ နေ့မှ တနင်္လာနေ့အထိ သုံးရက်ကြာ အပစ်ရပ်စဲရန်နှင့် အကျဉ်း သား ၁,၀၀၀ စီ လဲလှယ်ရန် ညှိနှိုင်းပေးနိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ ထရန့်က “ဒါဟာ သေကြေပျက်စီးမှုများ ပြားတဲ့ စစ်ပွဲကြီးရဲ့ အဆုံးသတ်အစပျိုးမှု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုထား သည်။
#Putin #Zelenskyy #Trump #RussiaUkraineWar #PeaceTalks #VictoryDay #BreakingNews #PositiveAngleNews #GlobalPolitics #Ceasefire
Telegram»…
https://t.me/positiveanglenews
#PAN