
(နိုင်ငံတကာ)မေ ၁၀
အီရန်နိုင်ငံသည် အမေရိကန်အစိုးရနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်မူကြမ်းများကို ကြားခံများမှတစ်ဆင့် အပြန်အလှန်လဲလှယ် ဆွေးနွေးနေသော် လည်း၊ ကမ္ဘာ့စီးပွား ရေးအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ထိန်းချုပ်ထားနိုင်မှုသည် အက်တမ်ဗုံးတစ်လုံးပိုင်ဆိုင်ထားသကဲ့သို့ အစွမ်းထက်ကြောင်း အလေး ပေးပြောကြားလိုက်သည်။
အီရန်၏ ထိပ်တန်းအကြံပေးပုဂ္ဂိုလ် မိုဟာမက် မော့ခ်ဘီက “တကယ်တော့ ဒါဟာ အက်တမ်ဗုံးအဆင့်ရှိတဲ့ စွမ်းရည်မျိုးပါ။ ဘာလို့လဲဆိုတော့ ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို သက်ရောက်မှုရှိစေနိုင်လို့ပါပဲ” ဟု ဆိုကာ ရေလက်ကြား၏ မဟာ ဗျူဟာမြောက် အရေးပါမှုကို ထုတ်ဖော်ပြောကြားခဲ့သည်။
အီရန်နိုင်ငံပိုင် မီဒီယာများကလည်း အဆိုပါရေလက် ကြားကို အစ္စလာမ်သမိုင်းဝင် ‘အုဟုဒ်တောင် ကြားလမ်း’ နှင့် နှိုင်းယှဉ်ကာ ယင်းနေရာကို လက် လွှတ်ပါက စစ်ရှုံးသွားနိုင်သဖြင့် အီရန်အနေဖြင့် မည်သည့်အခါမျှ စွန့်လွှတ်မည်မဟုတ်ကြောင်း သတိပေးထားသည်။
အီရန် ပထမဒုသမ္မတ မိုဟာမက် ရီဇာ အာရက်ဖ်ကလည်း ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ထားခြင်းဖြင့် အမေရိကန်၏ ရေနံပိတ်ဆို့မှုများကို အောင်မြင်စွာ တုံ့ပြန်သွားနိုင်မည်ဟု ယုံကြည်နေသည်။ ၎င်းက အီရန်အနေဖြင့် နောင်တွင် အရေးယူပိတ်ဆို့မှုများကို ကြောက်လန့်နေစရာမလိုတော့ဘဲ ရေလက်ကြားအပေါ် အီရန်၏ စီမံခန့်ခွဲပိုင်ခွင့်မှာ ပိုမိုခိုင်မာလာပြီ ဖြစ် ကြောင်း ပြောကြားခဲ့သည်။
အီရန်၏ မူဝါဒမှာ “အကယ်၍ ပါရှန်းပင်လယ်ကွေ့သည် အီရန်အတွက် အသုံးမပြုနိုင်သော အခြေအနေမျိုးဖြစ်လာပါက အခြားသူများအတွက်လည်း အသုံးမပြုနိုင်အောင် လုပ်ဆောင်သွားမည်” ဟူ၍ ဖြစ်သည်။
အမေရိကန်နှင့် ဆွေးနွေးမှုများအပေါ် အီရန်ပြည် တွင်းရှိ သဘောထားတင်းမာသူများ(Hardliners)က ပြင်းပြင်း ထန်ထန် ကန့်ကွက်နေကြသည်။ ၎င်းတို့က နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ မည်သည့်အလျှော့ပေးမှုကိုမျှ မလုပ်လိုကြဘဲ သမ္မတထရန့်အစိုးရ ၏ ကမ်းလှမ်းချက်များ သည် စစ်မြေပြင်ရှုံးနိမ့်မှုကို ဖုံးကွယ်ရန် ကြိုးပမ်းသည့် “မုသားစကား” များသာဖြစ်ကြောင်း ဝေဖန်နေကြသည်။
အထူးသဖြင့် အီရန်၏ နျူကလီးယားအစီအစဉ်၊ ဒုံး ကျည်လက်နက်တိုက်များနှင့် ပတ်သက်၍ မည်သည့်အလျှော့ပေးမှုကိုမျှ မလုပ်လိုကြပေ။ ပါလီမန်အမတ် အလီ ခီဇရီယန်(Ali Khezrian)က အီရန်အနေဖြင့် နျူကလီးယားဆိုင်ရာ မည်သည့်ဆွေးနွေးမှုကိုမျှ မပြုလုပ်ခဲ့ကြောင်းနှင့် ထရန့်အစိုးရသည် စစ်မြေပြင်တွင် ရှုံးနိမ့်နေမှုများကို ဖုံး ကွယ်ရန်အတွက် နျူကလီးယားသဘောတူညီချက်ရတော့မည့်ပုံစံဖြင့် “မုသားစကား” များ ပြောဆိုနေခြင်းဖြစ် ကြောင်း ဆိုသည်။
ထို့ပြင် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီ (Abbas Araghchi)သည်လည်း အမေရိကန်နှင့် ဆွေး နွေးမှုများကို ရှေ့ရှုနေခြင်းကြောင့် ပြည်တွင်း၌ ဝေဖန်မှုများ ခံနေရသည်။ အချို့သော လွှတ်တော်အမတ်များက အရတ်ချီအား ဆွေးနွေးရေးအဖွဲ့မှ ဖယ်ရှားရန်ပင် တောင်းဆိုနေကြပြီး ၂၀၁၅ နျူကလီးယားသဘောတူညီချက်(JCPOA) နှင့် ပတ်သက်ခဲ့သူများကို အယုံအကြည်မရှိကြောင်း ဖော်ပြနေကြသည်။
ထို့ကြောင့် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနသည်လည်း အမေရိကန်နှင့် ဆွေးနွေးရာတွင် အချိန်ဇယားသတ်မှတ်ချက်များကို ဂရုမစိုက်ဘဲ အီရန်၏ အကျိုး စီးပွားကိုသာ အဓိကထား လုပ်ဆောင်သွားမည်ဟု တုံ့ ပြန်ထားသည်။
#Iran #HormuzStrait #GlobalEconomy #Trump #USA #OilMarket #BreakingNews #PositiveAngleNews #MiddleEastConflict #NuclearTalks
Telegram»…
https://t.me/positiveanglenews
#PAN