
(ပြည်တွင်း) မေ ၈
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဖူနွမ်ကျေးရွာရှိ PDF – Zoland နောက်တန်းထောက်ပို့စခန်းအား တပ်မတော်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများကြောင်း သိရသည်။
မေလ ၆ ရက်နေ့ညနေပိုင်းအချိန်က တပ်မတော်မှ PDF – Zoland နောက်တန်း ထောက်ပို့စခန်းအား ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ PDF – Zoland အမျိုးသမီး ၄ ဦး အမျိုးသား ၆ ဦး စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်အရ သိရသည်။။
အဆိုပါ နောက်တန်းထောက်ပို့စခန်းတွင် PDFအဖွဲ့ ညစာအတွက် ချက်ပြုတ်နေစဥ် အကြမ်းဖက်မှုမလိုလားသည့် ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးချက်အရ တပ်မတော်မှ ဒရုန်းဖြင့်အတိအကျ ကြဲသွားခြင်းဖြစ်ကြောင်း သိရသည်။
ဖူနွမ်ကျေးရွာသည် တပ်မတော်မှ မေလ ၅ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သော ကနေဒီတောင် တောင်ခြေ၌ တည်ရှိသည့် ကျေးရွာဖြစ်ကြောင်း သိရသည်။