ပေါင်းတည်မြို့နယ်တွင် ရက်(၁၀၀)စီမံချက်အဖြစ် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ထုတ်ပေးမှု ဆောင်ရွက်

(ပြည်တွင်း) မေ ၅

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ဟင်္သာကန်ရပ်ကွက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ထုတ်ပေးခြင်း အခမ်းအနားကို မတ်လ ၄ ရက်နေ့ မနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်လဝကဦးစီးအရာရှိ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လဝကဝန်ထမ်းများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေသင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထားထားနုနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ကွင်းဆင်းဆောင်ရွက်မှုအနေဖြင့် အသက်(၁၀)နှစ်ပြည့်သူ ၂၅ ဦးအား စာရင်းသွင်းဆောင်ရွက်ခြင်း၊ အိမ်ထောင်စုဇယားကတ် ၇ ခု၊ မှတ်ပုံတင်အသစ်/ပြန်လည်လဲလှယ် ၂၉ ကတ်နှင့် UID ကတ် ၅၄ ဦးတို့အား ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများက ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။