
(ပြည်တွင်း) မေ ၄
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံပွဲအခမ်းအနားကို မေ ၄ ရက် နံနက် ၉ နာရီခွဲ အချိန်တွင် ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးလှ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဒေါ်ယဉ်မင်းထိုက်၊ ဦးစိုးမင်းစမ်း၊ ဒေါ်စိုးစိုးမြင့်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်ထူးတို့ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက မိတ်ဆက်စကားများ ပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး အခမ်းအနားတွင် ဒေသဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
နောက်ဆုံးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။