
(နိုင်ငံတကာ)မေ ၄
အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြားတွင် ရေ ကြောင်းပို့ဆောင်ရေး ပြတ်တောက်မှုများ ဖြစ်ပေါ်နေပြီး ယင်းသည် အာရှပစိဖိတ်ဒေသတစ်လွှားတွင် “ကြီး မားသော သက်ရောက်မှု” ရှိနေကြောင်း ဂျပန်ဝန်ကြီး ချုပ် စာနာအေး တာကာအီချီ (Sanae Takaichi) က သတိပေးလိုက်သည်။
ဩစတြေးလျနိုင်ငံသို့ ရောက်ရှိနေသည့် ဂျပန်ဝန် ကြီးချုပ် တာကာအီချီက ကမ္ဘာ့ရေနံနှင့် သဘာဝ ဓာတ် ငွေ့ရည်(LNG) အထောက်အပံ့၏ ငါးပုံတစ်ပုံခန့် ဖြတ် သန်းရာ ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ် ဆို့ထားခြင်းကြောင့် အင်ဒို-ပစိဖိတ်ဒေသ စွမ်းအင်လုံခြုံ ရေးမှာ အရေးပေါ်အခြေအနေသို့ ရောက်ရှိနေကြောင်း ပြောကြားခဲ့သည်။ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ(IEA)၏ အဆိုအရ အဆိုပါရေလမ်းကြောင်းမှ တင်ပို့သည့် ရေနံ ၈၀ ရာခိုင်နှုန်းမှာ အာရှစျေးကွက်သို့ ဦးတည်နေခြင်း ဖြစ်သည်။
တာကာအီချီ၏ သုံးရက်ကြာ ဩစတြေးလျခရီးစဉ် ပထမနေ့တွင် နှစ်နိုင်ငံစလုံးက စွမ်းအင်၊ စီးပွားရေး၊ ကာကွယ်ရေးနှင့် အရေးကြီးသတ္တုတွင်းထွက်များတွင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်များစွာ ထုတ်ပြန်ခဲ့သည်။
စွမ်းအင်ပြတ်လပ်မည့် အန္တရာယ်ကို တုံ့ပြန်ရန်အတွက် ဂျပန်နှင့် ဩစတြေးလျတို့သည် စွမ်းအင်နှင့် အရေးကြီးသတ္တုတွင်းထွက်ပစ္စည်းများ(Critical Minerals)ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ဩစတြေးလျအစိုးရက ဂျပန်နှင့် ပတ်သက်သည့် သတ္တုတွင်းစီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၉၃၇ သန်းခန့် ထောက်ပံ့ပေးမည်ဖြစ်ပြီး၊ ယင်းသည် ဆီမီးကွန်ဒတ်တာနှင့် လျှပ်စစ်ကားဘက် ထရီများအတွက် လိုအပ်သည့် ရှားပါးသတ္တုများကို ဂျပန်နိုင်ငံက တည်ငြိမ်စွာ ရရှိနိုင်ရန် ရည်ရွယ်သည်။
စွမ်းအင်ကဏ္ဍသာမက ဒေသတွင်း တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးလာမှုအပေါ် စိုးရိမ်ချက်များကြောင့် နှစ်နိုင်ငံစလုံးက စစ်ရေးပူးပေါင်းဆောင်ရွက်မှုကိုလည်း တိုးမြှင့်ခဲ့ကြသည်။ ပြီးခဲ့သည့်လက ဩစတြေးလျရေတပ်အတွက် ဂျပန်နိုင်ငံထုတ် မိုဂါမီ-ကလပ်စ် (Mogami-class) ကိုယ်ပျောက်စစ်သင်္ဘောများ ဝယ် ယူရန် အမေရိကန်ဒေါ်လာ ၇ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်ကို အတည်ပြုခဲ့ကြသည်။ ဩစတြေးလျဝန်ကြီးချုပ် အယ်လ်ဘာနီစီကလည်း လောင်စာဆီပြတ်တောက်မှုအပေါ် ဂျပန်နိုင်ငံနည်းတူ အလွန်စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
#Japan #Australia #EnergyCrisis #HormuzStrait #OilSupply #CriticalMinerals #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN