စက်သုံးဆီဈေးများ ထပ်မံကျဆင်းလာ

(ပြည်တွင်း) မေ ၁

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၀၂၆ ခုနှစ် မေ ၁ ရက်နေ့အတွက် ရန်ကုန် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများကို ထုတ်ပြန်ခဲ့ရာ ယခင်နေ့ထက် ဈေးနှုန်းများ ထပ်မံကျဆင်းလာကြောင်း သိရသည်။

မေ ၁ ရက်နေ့အတွက် ရန်ကုန်မြို့၏ စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများမှာ အောက်တိန်း ၉၂ တစ်လီတာလျှင် ၄၅၁၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၄၆၇၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၅၂၇၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၆၄၅၅ ကျပ်ဖြစ်ကြောင်း သိရသည်။ယခင်နေ့နှင့် နှိုင်းယှဉ်ပါက အောက်တိန်း ၉၂ သည် ၁၅၃ ကျပ်၊ အောက်တိန်း ၉၅ သည် ၂၃၉ ကျပ်၊ ရိုးရိုးဒီဇယ် သည် ၄၇၇ ကျပ်နှင့် ပရီမီယံဒီဇယ် သည် ၅၅၇ ကျပ် အသီးသီး ကျဆင်းလာခြင်း ဖြစ်သည်။

ထို့အပြင် နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ထားဝယ်၊ မုံရွာ၊ ပုသိမ်၊ မြစ်ကြီးနား၊ စစ်တွေ၊ ဘားအံ၊ မော်လမြိုင်၊ လားရှိုး၊ တောင်ကြီး၊ လွိုင်ကော် နှင့် ဟားခါး စသည့် မြို့ကြီးများတွင်လည်း ယခင်နေ့ထက် စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေသော်လည်း ပြည်တွင်းဈေးနှုန်းများ အလွန်အမင်း မြင့်တက်မှုမရှိစေရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မှ ကြပ်မတ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ဧပြီ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ထို့ပြင် နိုင်ငံတော်အတွင်း စက်သုံးဆီ လုံလောက်မှုအနေဖြင့် ရက်ပေါင်း ၆၀ ခန့် သုံးစွဲနိုင်ရန် လုံလောက်မှုရှိကြောင်းလည်း အသိပေးထားသည်။

#PAN