ဆောက်လုပ်ဆဲအဆောက်အဦ ဝါးငြမ်းပြိုကျ၍ ဓာတ်အားလိုင်းပိမိ

(မှုခင်း) ဧပြီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်အတွင်းရှိ ၁၅လမ်းနှင့် ၈၇G လမ်းထောင့်၌ ဆောက်လုပ်ဆဲ RC (၆) ထပ်အဆောက်အဦတစ်ခုမှ ဝါးငြမ်းများ ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ ယမန်နေ့ ဧပြီလ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြိုကျလာသည့် ဝါးငြမ်းများသည် 33KVA ဓာတ်အားလိုင်းပေါ်သို့ ပိမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်မြေသာစံမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ လုံခြုံရေးအခြေအနေများ စစ်ဆေးပြီး ရှင်းလင်းရေးလုပ်ငန်းများကို ချက်ချင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။