
(နိုင်ငံတကာ) ဧပြီ ၂၈
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ အီလက်ထရွန်နစ်ပစ္စည်းထုတ်လုပ်သည့် စက်ရုံတစ်ရုံရှေ့တွင် အလုပ်အကိုင် ရရှိရေးအတွက် အလုပ်သမား ၆၀၀ ကျော်သည် ဧပြီလ ၂၇ ရက်က တစ်ညလုံး တန်းစီ စောင့်ဆိုင်းခဲ့ကြရကြောင်း သိရသည်။
အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာခြင်းကြောင့် အဆိုပါ စက်ရုံတွင် ရာထူးနေရာ ၃၀ သာ လစ်လပ်နေသော်လည်း အလုပ်လိုအပ်သူ အများအပြားရှိနေသဖြင့် ယခုကဲ့သို့ စောင့်ဆိုင်းကြရခြင်း ဖြစ်ကြောင်း ထိုင်းဘက်မှလာသည့် သတင်းများအရ သိရသည်။
အလုပ်သမားအများစုသည် ယမန်နေ့ညကတည်းက စက်ရုံရှေ့သို့ ရောက်ရှိလာကြပြီး အချို့မှာ အိပ်ရာလိပ်၊ စောင်၊ ခေါင်းအုံးများကို ယူဆောင်လာကာ လမ်းဘေးတွင် အိပ်စက်ခဲ့ကြပြီး အချို့မှာ မနက်စောစောတွင် ရောက်ရှိလာကြသော်လည်း တန်းစီနေသည့် လူတန်းကြီးမှာ အလွန်ရှည်လျားသော်လည်း အလုပ်ရရှိရန် မျှော်လင့်ချက်ဖြင့် စောင်းဆိုင်းခဲ့ကြသည်ဟု သိရသည်။
ထိုင်းနိုင်ငံတွင် စီးပွားရေးကျဆင်းကာ အလုပ်လက်မဲ့ဦးရေ တိုးပွားလာပြီးနောက် အလုပ်အကိုင် ရရှိရန် ပိုမိုခက်ခဲလာကာ အလုပ်သမားများကြား ပြိုင်ဆိုင်မှု ပြင်းထန်လာနေကြောင်း ထိုင်းသတင်များက ဖော်ပြနေကြသည်။