အီရန်နိုင်ငံခြားရေးဝန်ကြီး အရတ်ဂ်ချီ ပါကစ္စတန်မှ ထွက်ခွာသွားပြီးနောက် အမေရိကန်ကိုယ်စားလှယ်များ၏ ခရီးစဉ်ကို ထရန့် ပယ်ဖျက်

(နိုင်ငံတကာ)ဧပြီ ၂၆

     ​အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီ သည် ပါကစ္စတန်နိုင်ငံမှ ထွက်ခွာသွားခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်အရာရှိများနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည့် ၎င်း၏ အထူးကိုယ် စားလှယ်အဖွဲ့၏ ပါကစ္စတန်ခရီးစဉ်ကို ရုတ် တရက် ပယ်ဖျက်လိုက်ကြောင်း ကြေညာခဲ့သည်။

     သမ္မတထရန့်သည် Fox News နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်း၏ ကိုယ်စားလှယ်များဖြစ်သည့် စတိဗ် ဝစ်ကော့ဖ်နှင့် ဂျရက်ဒ် ကွပ်ရှ်နာတို့အား အစ္စလာမ္မာဘတ်သို့ သွားရောက်မည့် အစီအစဉ်ကို ရပ်ဆိုင်းရန် အမိန့်ပေးခဲ့ကြောင်း အတည်ပြုခဲ့သည်။

​     “ဘာမှမဟုတ်တဲ့ကိစ္စတွေကို ထိုင်ပြောနေဖို့ ၁၈ နာရီကြာ လေယာဉ်စီးပြီး သွားစရာမလိုဘူးလို့ ကျွန်တော် ပြောလိုက်တယ်။ အသာစီးရဖို့ ဖဲချပ်အားလုံးက ငါတို့လက်ထဲမှာ ရှိနေတာ။ သူတို့ စကားပြောချင်ရင် ဖုန်းခေါ်ဖို့ပဲ လိုတယ်” ဟု ထရန့်က ၎င်း၏ ပြတ်သားသော ရပ်တည်ချက်ကို ပြောကြားခဲ့သည်။

​     အီရန်နိုင်ငံခြားရေးဝန်ကြီး အရတ်ဂ်ချီသည် ပါကစ္စတန်ဝန်ကြီးချုပ် အပါအဝင် ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် စနေနေ့တွင် အစ္စလာမ္မာဘတ်မှ ထွက်ခွာကာ အိုမန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ၎င်းက X (Twitter)တွင် “စစ်ပွဲကို အမြဲတမ်းအဆုံးသတ်မယ့် လက်တွေ့ကျတဲ့ မူဘောင်ကို ပါကစ္စတန်အရာရှိတွေကို မျှဝေခဲ့တယ်၊ အမေရိကန်က သံတမန်ရေးကို တကယ် အလေးအနက်ထားသလားဆိုတာ စောင့်ကြည့်ရဦးမယ်” ဟု ရေးသားခဲ့သည်။

     သို့သော်လည်း အီရန်နိုင်ငံပိုင် IRNA သတင်းဌာန၏ အဆိုအရ အရတ်ဂ်ချီသည် အိုမန်ခရီးစဉ်အပြီး ရုရှားသို့ မသွားမီ ပါကစ္စတန်သို့ တစ်ခေါက် ထပ်မံလာရောက်ရန် ရှိနေပြီး၊ ၎င်း၏ ကိုယ်စားလှယ်အဖွဲ့ဝင်အချို့မှာလည်း စစ်ပွဲရပ်စဲရေးအတွက် တီဟီရန်မှ ညွှန်ကြားချက်များ ရယူကာ အစ္စလာမ္မာဘတ်သို့ ပြန်လာမည်ဖြစ်ကြောင်း သိရသည်။

​     အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ လီဗစ်၏ အဆိုအရ ထရန့်၏ “ဖဲချပ်အားလုံးကို ကိုင်ထားသည်” ဆိုသည့် စကားမှာ အီရန်အပေါ် ရေကြောင်းပိတ်ဆို့ထားမှုနှင့် ဒေသတွင်းရှိ အမေရိကန်တပ်ဖွဲ့ဝင် ၅၀,၀၀၀ ကျော် ၏ တည်ရှိမှုကို ရည်ညွှန်းခြင်းဖြစ်သည်။ တစ်ဖက်တွင်လည်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ထားမှုကို ရပ်တန့်ရန် အစီအစဉ်မရှိကြောင်း ပြောကြားထားသဖြင့် စွမ်းအင်စျေးကွက်မှာ ဆက်လက် အကျပ်ရိုက်နေဆဲ ဖြစ် သည်။

     လက်ရှိတွင် ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ် ပယ် ဖျက်လိုက်ခြင်းသည် တိုက်ပွဲများ ပြန်လည်စတင်မည်ဟု မဆိုလိုကြောင်း ထရန့်က ဖြေကြားထားသော် လည်း၊ သံတမန်ရေးရာ လမ်းကြောင်းမှာမူ ပိုမိုခက်ခဲရှုပ်ထွေးလာသည့် အခြေအနေသို့ ရောက်ရှိနေပါ သည်။

​#Trump #IranWar #Diplomacy #Araghchi #PakistanTalks #HormuzStrait #InternationalPolitics #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN