မြန်မာ-ထိုင်းနှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရေးကိစ္စများ ဆွေးနွေး

(ပြည်တွင်း) ဧပြီ ၂၃

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ကောင်စီဝင် ဦးသန်းဆွေသည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်ဖြင့် ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkaew ကို ယနေ့တွင် နေပြည်တော်ရှိ Jasmine Nay Pyi Taw Hotel ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် မြန်မာ-ထိုင်း နှစ်နိလက်ခံတွေ့ဆ ရင်းနှီးချစ်ကြည်သော ဆက်ဆံရေးကို ပိုမိုတိုးမြှင့်နိုင်ရေးနှင့် နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်အောင် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို နှစ်ဖက်အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ယင်းတွေ့ဆုံဆွေးနွေးမှုသည် အိမ်နီးချင်းနှစ်နိုင်ငံအကြား ခိုင်မာသော ဆက်ဆံရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာစေရန် အရေးပါသည့် တွေ့ဆုံမှုဖြစ်ကြောင်း သိရသည်။