ဇူလိုင် ၂၀
ရှမ်းပြည်နယ်( အရှေ့ပိုင်း )၊ တာချီလိတ် မြို့နယ်၊လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာနေ ချိုင်းလုံ ဆိုသူငှားရမ်းနေထိုင်သည့် နေအိမ်ကို ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် ဝင်ရောက်ရှာဖွေရာ ၎င်းချိုင်းလုံဆိုသူကို နေအိမ်တွင် မတွေ့ရှိဘဲ မနန်ဆောင်တစ် (စကွန်မာလိထောင်း)ဆိုသူ အမျိုးသမီးကို ထိုနေအိမ်၌တွေ့ရှိပြီး နေအိမ်အားစစ်ဆေးရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား (၃၃၈၀၀၀)ပြား ၊ ဒေသကာလ ပေါက်ဈေး တန်ဖိုးငွေကျပ် ၁၃၅၂ သိန်းခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ မနန်ဆောင်တစ်( စကွန်မာလိထောင်း)၊ ၃၄ နှစ်ကို တာချီလိတ်မြို့နယ်၊ ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်း ဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရပါ သည်။
မြန်မာ – ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့တွင် စိတ်ကြွဆေးပြားများ၊ အမည်သစ် မူးယစ်ဆေး၀ါး Water ၊ k များကို တာချီလိတ်မြို့ရှိ KTV/CLUB/BAR နဲ့ စားသောက်ဆိုင်များ၌ လွယ်လွယ်ကူကူ၀ယ်ယူရရှိနေကြောင်း ဒေသခံလူငယ်များထံမှသိရှိရပါသည်။
#PAN