မြန်မာ-အိန္ဒိယ နယ်စပ်ဒေသ၌ အင်အားအသင့်အတင့်ရှိ မြေငလျင် လှုပ်ခတ်

(မိုး/ဇလ) ဧပြီ ၂၁

မြန်မာ-အိန္ဒိယ နယ်စပ်ဒေသ၌ ယနေ့ ဧပြီလ ၂၁ ရက် နံနက် ၆ နာရီ ၅၉ မိနစ် ၃၀ စက္ကန့်အချိန်တွင် အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ကြောင်း တိုင်းထွာချက်များအရ သိရသည်။

ယင်းမြေငလျင်သည် တမူးမြေငလျင်စခန်းမှ မြောက်ဘက် ၃၆ မိုင်ခန့်အကွာတွင်ဗဟိုပြုခဲ့ပြီး မြောက်လတ္တီတွဒ် ၂၄.၇၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၄၆ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါငလျင်သည် ရစ်ခ်တာစကေး ၅.၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။