ဟော်မုဇ်ရေလက်ကြားကို အီရန်က တစ်ကျော့ပြန် ထိန်း ချုပ်လိုက်ပြီးနောက် ‘ခြိမ်းခြောက်အကျပ်ကိုင်မှု’ မပြုရန် ထရန့် သတိပေး

(နိုင်ငံတကာ) ဧပြီ ၁၉

     ​အရေးပါသော သင်္ဘောလမ်းကြောင်းကြီးကို ပြန် လည်ဖွင့်လှစ်ပေးခဲ့ပြီး ၂၄ နာရီပင် မပြည့်သေးမီ၊ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ပိတ်ဆို့လိုက်ပြီဖြစ် ကြောင်းနှင့် ဖြတ်သန်းရန်ကြိုးပမ်းသည့် မည်သည့်သင်္ဘောကိုမဆို ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ် ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်(IRGC) ရေတပ်က ပြောကြားလိုက်ရာ အခြေအနေမှာ ရုတ် ခြည်းပြောင်းလဲသွားခဲ့သည်။

     အမေရိကန်က အီရန်သင်္ဘောများနှင့် ဆိပ်ကမ်းများအပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို မရုပ်သိမ်းမချင်း ရေလက်ကြားကို ပိတ်ထားမည်ဖြစ်ကြောင်း အီရန် ဘက်က ဆိုသည်။ ဤအခြေအနေသည် အမေရိကန် ၏ “ရေတပ်ပိတ်ဆို့မှု” နှင့် အီရန်၏ “ရေလက်ကြားပိတ်ဆို့မှု” ဟူသော အပြိုင်အဆိုင် ပိတ်ဆို့မှုနှစ်ခုအကြား ကမ္ဘာ့ရေနံလမ်းကြောင်းကို ပြန်လည်ပိတ်မိသွားစေခဲ့သည်။

အစ္စရေးနှင့် လက်ဘနွန်တို့အကြား ၁၀ ရက်ကြာ အပစ်ရပ်စဲမှုနှင့်အညီ အီရန်က ရေလက်ကြားကို ခေတ္တဖွင့်လှစ်ပေးခဲ့ပြီး နာရီပိုင်းအကြာတွင် ယခုကဲ့သို့ ပြန်လည်ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။ သောကြာနေ့က အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရတ်ဂ်ချီက ရေ လမ်းကြောင်းကို ကုန်သွယ်ရေးသင်္ဘောအားလုံးအတွက် “လုံးဝဖွင့်လှစ်ပေးလိုက်ပြီ” ဟု ပြောကြားခဲ့စဉ်က ကမ္ဘာ့ရေနံစျေးနှုန်းများ ကျဆင်းသွားခဲ့သေးသည်။

    IRGC က လမ်းကြောင်းပြန်ပိတ်လိုက်ခြင်းမပြုမီ ကုန်သွယ်ရေးသင်္ဘော ၁၂ စင်းထက်မနည်း ရေလက် ကြားကို ဖြတ်သန်းနိုင်ခဲ့သည်။ သို့သော် စနေနေ့တွင် အီရန်အမြန်သွားလှေများက ကုန်သွယ်ရေးသင်္ဘောနှစ်စင်းကို ပစ်ခတ်ခဲ့ကြောင်း ဗြိတိန်ရေကြောင်းကုန်သွယ် ရေးအဖွဲ့ (UKMTO) က ဆိုသည်။ အလားတူ အိန္ဒိယအလံလွှင့်ထူထားသော သင်္ဘောနှစ်စင်းလည်း ရေ လက်ကြားအတွင်း “ပစ်ခတ်မှုဖြစ်စဉ်” တွင် ပါဝင်ခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

​      သမ္မတ ဒေါ်နယ်ထရန့်က တီဟီရန်အနေဖြင့် ရေ လမ်းကြောင်းကို ပိတ်ပြီး ဝါရှင်တန်ကို “ခြိမ်းခြောက်အကျပ်ကိုင်” (Blackmail)၍ မရနိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် လာမည့်ဗုဒ္ဓဟူးနေ့တွင် သက် တမ်းကုန် ဆုံးမည့် ၁၄ ရက်ကြာ ယာယီအပစ်ရပ်စဲရေး မကုန်ဆုံးမီ သဘောတူညီချက်တစ်ရပ် မရရှိပါက အမေရိကန်အနေဖြင့် အပစ်အခတ်ရပ်စဲရေးကို အဆုံး သတ်သွားမည်ဟု သတိပေးခဲ့သည်။ ထို့ပြင် အမေရိကန်၏ ရေ တပ်ပိတ်ဆို့မှုသည်လည်း “အပြည့်အဝ ဆက်လက်တည်ရှိနေမည်” ဟု ထရန့်က ထပ်လောင်းပြောဆိုခဲ့သည်။

​     အီရန်က လမ်းကြောင်းပြန်ပိတ်လိုက်ပြီးနောက် စနေနေ့တွင် အီရန်အမြန်သွားလှေများက ကုန်သွယ် ရေးသင်္ဘောနှစ်စင်းကို ပစ်ခတ်ခဲ့ကြောင်း ဗြိတိန်ရေ ကြောင်းကုန်သွယ်ရေးအဖွဲ့ (UKMTO) က အတည်ပြုသည်။ အဆိုပါဖြစ်စဉ်အတွင်း အိန္ဒိယအလံလွှင့်ထူထားသော သင်္ဘောနှစ်စင်းလည်း ပစ်ခတ်ခံခဲ့ရသဖြင့် အိန္ဒိယအစိုးရက အီရန်သံအမတ်ကို ဆင့်ခေါ်၍ ကန့် ကွက်ခဲ့သည်။

​#HormuzStrait #Iran #DonaldTrump #OilCrisis #BreakingNews #USBlockade #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN